ဂန့်ဂေါမြို့နယ်၊လယ်မရွာတွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက တပ်မတော်စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရန် အသင့်စောင့်နေ

ဇူလိုင် ၂၇

        ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင်မကွေး တိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်၊လယ်မရွာတွင် အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား ၃၀၀ ခန့်သည် တပ်မတော်စစ်ကြောင်းလာမည်ဖြစ်ကြောင်း သတင်းရ၍ ခြုံခိုတိုက်ခိုက်ရန် အသင့်စောင့်နေကြကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့လာပါသည်။

     အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF များက ရွာတွင်း၊ရွာအပြင်တွင် မိုင်းများထောင် ထားကြောင်း၊ တိုက်ခိုက်ရေးဒရုန်း ၄ စီး၊ထောက် လှမ်း ရေးဒရုန်း ၂ စီး အဆင်သင့်ပြင်ထားကြောင်း သိရပါသည်။

      အကြမ်းဖက်သောင်းကျန်းသူ PDF များ သည် တပ်မတော်စစ်ကြောင်းများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းကို ရှောင်ရှားပြီး အဝေးမှ Drone များဖြင့် Drop Bomb များ ပစ်ချခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ စစ်ကြောင်းလာမည့်လမ်းကြောင်းတွင် ခြုံခို၍ လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်ထွက်ပြေးခြင်း စသည်တို့သာ ဆောင်ရွက်လေ့ရှိကြောင်း၊ လူအင်အားများသော်လည်း လူတိုင်း လက်နက်မကိုင်းဆောင်နိုင်ကြောင်း၊ စစ်ကြောင်းများရောက်လာလျှင် အခြားနေရာများသို့ ရှောင်သွားပြီး စစ်ကြောင်းပြန်မှ ရွာများတွင် ဝင်ရောက်နေထိုင်ကြကြောင်း အဆိုပါဒေသခံရွာသားများထံမှ သိရပါသည်။

#PAN