“BRICS အဖွဲ့အစည်း၏ ခြေလှမ်းသစ်များ (သို့မဟုတ်) အယ်လ်ဂျီးရီးယားနိုင်ငံက BRICS အဖွဲ့တွင် ရှယ်ယာအဖွဲ့ဝင်ဖြစ်ရန် အတွက် ကန်ဒေါ်လာ ၁.၅ ဘီလီယံဖြင့် တင်သွင်း လျှောက်ထားခဲ့”

ဇူလိုင် ၂၃

အယ်လ်ဂျီးရီးယားနိုင်ငံ သည် BRICS အဖွဲ့အစည်းကြီးအတွင်းသို့ ဝင်ရောက်ရန် လျှောက်ထားခဲ့ပြီး BRICS ဘဏ်၏ ရှယ်ယာရှင်အဖွဲ့ဝင်တစ်ဦးဖြစ်ရန်လည်း တောင်းဆိုမှုများပြုလုပ်ခဲ့ကာ ကန်ဒေါ်လာ ၁.၅ ဘီလီယံဖြင့် ရှယ်ယာရှင် အဖွဲ့ဝင်ဖြစ်ရန် တင်သွင်းခဲ့ကြောင်း Ennahar TV သတင်းဌာနက ပြီးခဲ့သည့် ဇူလိုင် ၂၂ရက်နေ့က ​ အယ်လ်ဂျီးရီးယားသမ္မတ Abdelmadjid Tebboune ၏ ပြောကြားချက်များကို ကိုးကားပြီး ဖော်ပြပြောဆိုခဲ့ပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံ သည် BRICS အဖွဲ့အစည်းတွင် ၎င်းတို့နိုင်ငံ၏ စီးပွားရေး အခွင့်အလမ်း လမ်းသစ်များဖွင့်ရန် နှင့် ပူးပေါင်းပါဝင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း Tebboune က မကြားသေးမှီအချိန်က ၎င်း၏ တရုတ်ခရီးစဉ် အပြီးတွင် ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် မြောက်အာဖရိကနိုင်ငံကလည်း ၎င်းတို့နိုင်ငံအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ ပေါကြွယ်ဝပြီး စီးပွားရေးဆိုင်ရာများတွင် တရုတ်နိုင်ငံ ကဲ့သို့သော နိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာစေရန် ကြိုးပမ်းလျက်ရှိနေပါတယ်။

BRICS အဖွဲ့အစည်းကြီးတွင် ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံ တို့ ပါဝင်ကြပြီး အဆိုပါ အဖွဲ့အစည်းကြီးသည် ကမ္ဘာ့လူဦးရေ၏ ၄၀ရာခိုင်နှုန်း ကျော်နှင့် ကမ္ဘာ့စီးပွားရေး၏ ၂၆ရာခိုင်နှုန်းကျော် ခန့်ရှိနေတာ လည်းဖြစ်ပါတယ်။

BRICS အဖွဲ့အစည်းကြီးသို့ ဝင်ရောက်နိုင် ရန်တရားဝင် လျှောက်ထားခဲ့ပြီး BRICS ဘဏ်ကြီး တွင် အစုရှယ်ယာဝင်များ ထားရှိရန် တောင်းဆိုသည့် စာတစ်စောင် ပေးပို့ခဲ့ပြီး BRICS ဘဏ်ကြီး တွင် အယ်လ်ဂျီးရီးယားနိုင်ငံ ၏ ပထမဆုံး ထည့်ဝင်ငွေသည် ကန်ဒေါ်လာ ၁.၅ ဘီလီယံ ဖြစ်လိမ့်မယ်” လို့ Ennahar သတင်းဌာနက သမ္မတ Tebboune၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြပြောဆိုထားပါတယ်။ ​

BRICS အဖွဲ့အစည်းကြီးတွင် နိုင်ငံပေါင်း ၄၀ ကျော်က ပါဝင်ရန် စိတ်ဝင်စားနေကြောင်း အဆိုပါအဖွဲ့အစည်းကြီး၏နှ ဆက်ဆံရေးတာဝန်ခံ တောင်အာဖရိက ထိပ်တန်း သံတမန်က ယခုသီတင်းပတ်တွင် ထပ်မံ ပြောကြားထားကြောင်း သတင်းဌာနများက ဖာ်ပြပြောဆ်ိုထားကြပါတယ်။