“အမေရိကန် အခြေစိုက် လျှပ်ကူးပစ္စည်းများ အဓိကထုတ်လုပ်နေသည့် Micron Technology ကုမ္ပဏီကြီးက အိန္ဒိယနိုင်ငံ အတွင်း ကန်ဒေါ်လာ ၂.၇ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများပြုသွား မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် အိန္ဒိယ-ဂျပန် နှစ်နိုင်ငံ MOC သဘောတူညီစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြ”

ဇူလိုင် ၂၂

အိန္ဒိယနိုင်ငံ၏ သတင်းအချက် နှင့် အလက်နည်း ပညာဝန်ကြီး Ashwini Vaishnaw က အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ဆီမီးကွန်ဒတ်တာ ဂေဟစနစ်များတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ထုတ်ပြန် ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဆီမီးကွန်ဒတ်တာ ဂေဟစနစ်တစ်ခုကို တည်ဆောက်နိုင်ရန် ကြိုးပမ်းမှုဖြင့် အိန္ဒိယနိုင်ငံက နိုင်ငံအတွင်း လျှပ်ကူးပစ္စည်း ထုတ်လုပ်မှု ဂေဟစနစ်များ ၊ သုတေသနနှင့် စွမ်းရည် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ကဏ္ဍများအတွက် ဂျပန်နှင့် ပူးပေါင်းဆောင် ရွက်ရေး စာချွန်လွှာ (MOC) ကို ပြီးခဲ့သည့် ဇူလိုင် ၂၀ရက် ကြာသပတေးနေ့က လက်မှတ်ရေး ထိုးခဲ့ကြတာဖြစ်ပါတယ်။

“အိန္ဒိယနိုင်ငံအတွင်း လျှပ်ကူး ပစ္စည်းထုတ်လုပ် မှုများဟာ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိနေပါတယ်။ ကျနော်တို့က ခြေလှမ်းအသစ်များကို ရရှိနေကြပါပြီ။ ဒီနေ့ဟာ အလွန်အရေးကြီးတဲ့ နိုင်ငံအတွက် ခြေလှမ်းသစ် တစ်ခုကို ပြီးမြောက်ခဲ့ပါတယ်” လို့ အီလက်ထရွန်နစ်နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး Ashwini Vaishnaw က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အခြေစိုက် လျှပ်ကူးပစ္စည်း အဓိက ထုတ်လုပ်နေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Micron Technology ကုမ္ပဏီကြီးက အိန္ဒိယ နိုင်ငံအတွင်း ကန်ဒေါ်လာ ၂.၇ ဘီလီယံ တန်ဖိုးရှိ လျှပ်ကူးပစ္စည်း ထုတ်လုပ်မည့် စက်ရုံတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ကြေညာခဲ့ပြီးနောက် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ထွက်ပေါ်လာ ခြင်းဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

ထို့အပြင် Vedanta Limited နှင့် Foxconn ကဲ့သို့သော ကုမ္ပဏီကြီးများသည်လည်း အိန္ဒိယ နိုင်ငံအတွင်း လျှပ်ကူးပစ္စည်း ထုတ်လုပ်နိုင်ရေး အစီအစဉ်များ အတွက် အိန္ဒိယ အစိုးရကို လျှောက်ထားမှုများ ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆိုထား ကြပါတယ်။