“ထိုင်းနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး နောက် ဘန်ကောက်မြို့ရှိ နေရာအများအပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့”

ဇူလိုင် ၂၂

ထိုင်းနိုင်ငံတွင် တစ်ညလုံးနီးပါး မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီးနောက် ယနေ့ ဇူလိုင် ၂၂ရက် စနေနေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ ရှိ နေရာအများအပြား ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အဓိက လမ်းမကြီးတစ်ခုဖြစ်သည့် Ratchadaphisek လမ်းမတွင် ရေလွှမ်းမိုးမှုများ သည် အဆိုးဆုံးဖြစ် ခဲ့ရပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ရက် သောကြာနေ့ ညပိုင်း ၉ နာရီအချိန်ခန့်တွင် ဘန်ကောက်မြို့တွင်း နေရာအများအပြားတွင် မိုးသည်းထန်စွာရွာ သွန်းခဲ့ပြီးနောက် စနေနေ့ နံနက် ၂ နာရီနီးပါးတွင်လည်း မိုးသည်းထန်စွာရွာ သွန်းမှုများ ဆက်လက်ဖြစ်ပွားခဲ့ရပြီး ဘန်ကောက်မြို့ရှိ နေရာအများအပြားဘနှင့် လမ်းမများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။