အာဆီယံ၏ ပထဝီဝင်နိုင်ငံရေး ပုံရိပ်ကို ချဲ့ထွင် ကျယ်ပြန့်နိုင်ပြီလား                      

      အာဆီယံ၏ ပထဝီဝင်နိုင်ငံရေးပုံရိပ်သည် အင်ဒိုနီးရှား၏ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် အထူးသဖြင့် အင်အားကြီးနိုင်ငံများနှင့် အာဆီယံအဖွဲ့၏ ပြင်ပဆက်ဆံရေးနှင့်ပတ်သက်၍ သိသိသာသာ ကျယ်ပြန့်လာပါတယ်။ ဂျကာတာက မြန်မာအကျပ်အတည်းကို ဖြေရှင်းရန်အတွက် လိုလားကြောင်း တွေ့ရှိသော်လည်း စစ်မြေပြင်နဲ့ ပြင်ပမှာ ပါဝင်ပတ်သက်သူများရဲ့ ရှုပ်ထွေးမှုများကြောင့်ဆိုတာကို  နားလည်နိုင်ပါတယ်။

      တစ်ချိန်းတည်းမှာပင် အင်ဒိုနီးရှားက ပါဝါပြိုင်ဆိုင်မှုတွေအတွက် ​စစ်မြေပြင်ဖြစ်ခြင်းကို ရှောင်ရှားလိုကြောင်း အာဆီယံအဖွဲ့၏ဆန္ဒကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဂျကာတာတွင် အာဆီယံက ထိပ်သီးအစည်းအဝေး (၁၇) ကြိမ် နှင့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ပါဝင်တဲ့ စာချုပ်စာတမ်း ၁၅ ခုကို ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပြီး ဖိတ်ခေါ်ခြင်း နှင့်ဆွဲဆောင်ခြင်းဆိုင်ရာ Power နှစ်ခု စလုံးရှိနေဆဲဖြစ်ပါတယ်။

      မကြာသေးမီက ကျင်းပတဲ့ အစည်းအဝေးမှာ နိုင်ငံပေါင်း နှစ်ဒါဇင်မှ နိုင်ငံခြားရေးဝန်ကြီးများတက်ရောက်တဲ့ သောကြာနေ့ကကျင်းပတဲ့ အာဆီယံဒေသဆိုင်ရာ ဖိုရမ် (ARF) ဖြစ်တယ်။ ယခင်က အာဆီယံညီလာခံများလို အဓိကဆွေးနွေးဖက်နိုင်ငံများဟာ side-line meeting တွေ့ဆုံမှုအဖြင့် နှစ်ဖက်သဘောတူ သို့မဟုတ် သုံးနိုင်ငံအလိုက် ကျင်းပရန် ထူးခြားသောအခွင့်အရေးများရှိခဲ့ပါတယ်။ ယခုနှစ်မှာ ကိုရီးယားကျွန်းဆွယ် အကျပ် အတည်း နဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးကို ဆက်လက် အာရုံစိုက်ခဲ့ပါတယ်။

     အာဆီယံပလက်ဖောင်းများအတွင်း ဆွေးနွေးညှိနှိုင်းမှုများနှင့် အစည်းအဝေးများ ပြုလုပ်သည့် အခါတိုင်း ပြိုင်ဘက်နိုင်င်များရဲ့ ခေါင်း ဆောင်များ  ပြောဆိုဆွေးနွေးမှုများဟာ ၎င်းတို့ကို ရင်းနှီးမှုများဖြစ်လာစေပြီး သူတို့ရဲ့ တင်းမာမှု လျော့နည်းလာကြောင်း သတိပြုမိ စေခဲ့ပါတယ်။ အမေရိကန် နဲ့ တရုတ်တို့ဟာ အာဆီယံရဲ့ ထောက်ခံမှုတွေကို ရရှိဖို့အတွက် ၎င်းတို့ရဲ့ မူဝါဒများနဲ့ ချစ်ကြည့်မှု  ဖော်ပြဖို့ အကောင်းဆုံး ကြိုး စားခဲ့ကြကြောင်း ထင်ရှားပါတယ်။

      တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးထူထောင်မှုလုပ်ငန်းစဉ်များမှာ ကောင်းမွန်တဲ့ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတယ်။ ဂျပန်ဝန်ကြီး ချုပ်  Fumio Kishida ကလည်း မြောက်ကိုရီးယားနှင့် အဆင့်မြင့် ထိတွေ့ ဆက်ဆံဖို့ အဆင် သင့်ရှိကြောင်း ထုတ်ဖော်ခွင့်ရခဲ့ပါတယ်။  အာဆီယံပလက်ဖောင်း အာဆီယံရဲ့ဆုံရပ်မှာ ထူးထူး ခြားခြား တစ်ခုခု ဖြစ်တတ်ပါတယ်။

       ပြီးခဲ့တဲ့နှစ်က G20 အင်ဒိုနီးရှား၏ ဥက္ကဋ္ဌ မှနေ ဆင်းသက်လာတဲ့ ချစ်ကြည်ရေးနဲ့ ဂုဏ်သတင်းဟာ အပြုသဘောဆောင်တဲ့ လှိုင်းဂယက်တွေကို ဖြစ်ပေါ်စေခဲ့တာကို မမေ့ထားလိုမရပါဘူး။ ဒါ့ကြောင့် အာဆီယံဟာ အဖွဲ့ရဲ့မဟာဗျူဟာအမြင်ကို ပြန်လည်ချိန်ညှိကာ ပထဝီဝင်နိုင်ငံရေးပတ်ဝန်းကျင်သစ်ဆီသို့ အတိတ်က အောင်မြင်မှုများ အပေါ် တည်ဆောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က  ဆွေးနွေးဖက် မိတ်ဖက်များနဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ အာဆီယံသည် ဘုံစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ပြင်ပအင်အားကြီးနိုင်ငံများနဲ့ ထိတွေ့ဆက်ဆံနိုင်တယ်။ လွှမ်းမိုးကြီးစိုးတဲ့ ဒေသဆိုင်ရာ ပလက်ဖောင်းတစ်ခု ဖြစ်လာဖို့ အာဆီယံဥက္ကဋ္ဌက အလေးပေး ပြောကြားခဲ့တယ်။

      အမှန်စင်စစ်၊ Asean ၏ Indo-Pacific on the Asean Outlook (AOIP) ကို ခေတ်ရေစီးကြောင်း ကြိုးပမ်းမှုဟာ အခြားသော အင်ဒို-ပစိဖိတ်နိုင်ငံများအတွက် အာဆီယံအဖွဲ့ရဲ့ မဟာဗျူဟာ အကဲဖြတ်မှုဟာ အပြောင်းအလဲ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဆိုင်ရာ မူဘောင်အောက်က အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ၂၀၂၀ ခုနှစ်တွင် ပူးတွဲ ကြေငြာခဲ့ပြီး  ဂျပန်မှလွဲလို့ နယူးဇီလန်နဲ့ သြစတြေးလျအပါအဝင် အခြားနိုင်ငံတွေကလည်း အလားတူ လုပ်ဆောင်လျက်ရှိပါတယ်။

     လက်ရှိမှာလည်း  ကွဲပြားခြားနားတဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာနဲ့ မူဘောင် ၁၂ ခုဟာ နိုင်ငံပေါင်း ၄၀ ဝန်းကျင်ကို လွှမ်းခြုံနိုင်တဲ့ မဟာ ဗျူဟာအခင်းအကျင်းကို ထိန်းချုပ်နိုင်ဖို့အတွက် ပြိုင်ဆိုင်လျက်ရှိပါတယ်။ အာရှနိုင်ငံတွေအနက်  ဂျပန်၊ အိန္ဒိယ၊ အာဆီယံ၊ တောင်ကိုးရီးယားနဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့  ၅ နိုင်ငံဖြစ်ပြီး အနောက်နိုင်ငံမှ မဟာမိတ်များနဲ့ အမေရိကန်၊ သြစတြေးလျ၊ အီးယူ၊ ပြင်သစ်၊ နယ်သာလန်၊ ကနေဒါနှင့် ဂျာမနီတို့ ဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသတွင်း ဖြန့်ကျက်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဆီယံနဲ့ ဘက်ပေါင်းစုံမှ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို ကြိုးပမ်းလျက်ရှိတယ်။ သို့သော် ၎င်းတို့ထဲမှ အချို့ဟာ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို လျှော့ချဖို့ ရည်ရွယ်ချက်ရှိကြပါတယ်။

     အာဆီယံနဲ့ တရုတ်နိုင်ငံတို့ကြား ဝန်ကြီးများ အစည်းအဝေးအပြီးမှာ အာဆီယံဥက္ကဋ္ဌက AOIP ရဲ့ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။ အာရှ-ပစိဖိတ်ဒေသကို အစားထိုးပြီး အင်ဒို-ပစိဖိတ်ရဲ့ ပထဝီဝင်ပုံသဏ္ဍာန်ကို အမေရိကန်က စတင်လုပ် ဆောင်မှုကို လက်ခံခြင်းမှာ ပေကျင်းက အင်ဒို-ပစိဖိတ်အရှိန်အဟုန် လွတ်သွားမှာကို အာဆီယံက စိုးရိမ်နေပါတယ်။

      အာဆီယံနဲ့ တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာ အပြုအမှုဆိုင်ရာ ကျင့်ထုံးဥပဒေရဲ့ အစောပိုင်းနိဂုံးချုပ်မှုကို အရှိန်မြှင့်ဖို့ လမ်းညွှန်ချက်များကို ချမှတ်ခဲ့ပါတယ်။ လမ်းညွှန်ချက် ၁၁ ချက်ဟာ မူကြမ်းတစ်ခုတည်းအတွက် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများကို အရှိန်မြှင့်ဖို့ ကူညီမှာဖြစ်ပါတယ်။ ယခုမှစပြီး တရားဥပဒေစိုးမိုးရေးနဲ့ ၎င်း၏ပထဝီဝင်ဆိုင်ရာ နယ်ပယ်ကဲ့သို့သော အရေးကြီးတဲ့ ပြဿနာတွေကို အာရုံစိုက်သွားမှာဖြစ်ပါတယ်။ မကြာသေးမီက လုံခြုံရေးနဲ့ မဟာ ဗျူဟာလေ့လာရေးစင်တာရဲ့ အကြီးတန်းအဖွဲ့ဝင် Rizal Sukma က အာဆီယံဟာ ၎င်းရဲ့ အင်ဒို-ပစိဖိတ် လမ်းညွှန်ချက်များနဲ့ အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကို လျော့ပါးစေတယ်လို့ ယုံကြည်နေပါတယ်။ AOIP ၏ အဓိက ရည်ရွယ်ချက်မှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်တွင် အခင်းအကျင်းအားလုံးကို ပေါင်းစည်းဖို ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အာဆီယံဟာ မဟာအင်အားကြီးနှစ်ရပ်ရဲ့ ပြိုင်ဆိုင်မှု ဆိုင်ရာစီမံခန့်ခွဲရာမှာ ကူညီပေးနိုင်တယ်။ ဒါကြောင့် စက်တင် ဘာလ အစောပိုင်းက အရှေ့အာရှထိပ်သီး အစည်းအဝေး နဲ့အတူ ကျင်းပမဲ့ အာဆီယံ အင်ဒို-ပစိဖိတ်ဖိုရမ်ဟာ AOIP နှင့် ၎င်းရဲ့ဆက်စပ်မှုတွေအတွက် litmus test အဖြစ်ဆောင်ရွက်မှာဖြစ်တယ်။

      ဒါ့အပြင် ဆော်ဒီအာရေဗျနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့တောင်အာရှမှာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိမှာ ကမ္ဘာ့ ထောင့်လေးခုမှ အင်အားကြီးနိုင်ငံအားလုံးဟာ ၁၉၇၆ ခုနှစ် စာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ အာဆီယံနဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC)တို့က ဂျစ်ဒါမြို့မှာ အောက်တိုဘာလက ၎င်း၏ ပထမဆုံး ထိပ်သီးအစည်းအဝေးကို အစမ်းသဘောကျင်းပဖို့ စီစဉ်နေမှုဟာ အလွန်အရေးကြီးပါတယ်။ အာဆီယံ-GCC ဆက်ဆံရေးဟာ ဆယ်စုနှစ်သုံးစုသို့ ပြန်ရောက်ခဲ့သော်လည်း  ကုလသမဂ္ဂအထွေထွေညီလာခံအပြင် နောက်ထပ်အစည်း အဝေးမှာ တွေ့ဆုံဖို့ ကန့်သတ်ထားတယ်။ ၎င်းတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများဟာ ဘာရိန်းနိုင်ငံ၊ Manama တွင် တွေ့ဆုံစဉ် ၂၀၀၉ ခုနှစ်တွင် တရားဝင်ဆက်ဆံရေး စတင်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ လျင်မြန်စွာပြောင်းလဲနေတဲ့ ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲများနဲ့အတူ အာဆီယံ – GCC ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်းက တည်ငြိမ်မှုနှင့် သာယာဝပြောရေးကို ပိုမိုမြှင့်တင်ဖို့ မရှိမဖြစ် လိုအပ်လာပါတယ်။

      ဒေသတွင်း တက်ကြွမှုအသစ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက ကြိုတင်တင်သွင်းခြင်း မရှိဘဲ အာဆီယံအရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် (SEANWFN) ပရိုတိုကောကို လက်မှတ်ရေးထိုးလိုတဲ့ ၎င်း၏ဆန္ဒကို အလေးပေးကာ မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဘေဂျင်းက နျူက လီးယားစွမ်းအင်သုံးနိုင်ငံအဖြစ် ပထမဆုံး နျူက လီးယား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က SEANWFZ ကော်မရှင် အစည်းအဝေးစတင်ချိန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အဆိုပါ သဘောတူစာချုပ်သည် ၂၈ နှစ်ကြာ တည်ရှိနေသော်လည်း နျူကလီးယားအင်အားကြီးနိုင်ငံ မရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်များက ဘေဂျင်း၏ဝင်ရောက်ခွင့်ရရှိစေမည့် ယုတ္တိနည်းတဲ့ ခြေလှမ်းတစ်ရပ်ကို ထည့်သွင်းစဉ်းစားခဲ့ကြတဲ့အတွက် ကော်မရှင်က တရုတ်ရဲ့ အစီအစဉ်ကို ကြိုဆိုခဲ့ပါတယ်။ တောင်တရုတ်ပင်လယ် အပါအဝင် ဒေသတွင်း နျူက လီးယား ကင်းစင်ရေးဇုန်ကို အာဆီယံအဖွဲ့ဝင်အချို့က သတ်မှတ်လိုကြပါတယ်။

     လောလောဆယ် အာဆီယံက နျူကလီယားပါဝါများ လွယ်ကူစွာ အတည်ပြုနိုင်ရေး အတွက် စာချုပ်ပါ သဘောတူညီချက်များအား ပြန်လည် သုံးသပ်သွားမည်ဟု မစ္စတာ Retno က ပြောကြားခဲ့တယ်။ SEANWFN ကိစ္စနှင့် ပတ်သက် လို့ အမေရိကန်ဘက်မှ သတင်းစာရှင်းလင်းပွဲမှာ Mr Blinken က အာဆီယံရဲ့ နျူကလီးယားလက်နက်ကင်းစင်ရေးဇုန်ဖန်တီးဖို့ ကြိုးပမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် ဝါရှင်တန်ဟာ “စည်းမျဉ်းများကိုအခြေခံသော မပြန့်ပွားရေးအစိုးရ” ကို ကတိပြုထားကြောင်း၊ အမေရိကန်ဟာ အာဆီယံနဲ့ ဆွေးနွေးပွဲများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဆက်စပ်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုမှာ ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က မော်စကိုဟာ SEANWFN ပရိုတိုကောကို လက်မှတ်ရေး ထိုးဖို့ ဆန္ဒရှိကြောင်း နျူကလီးယားလက်နက်များ မထုတ်လုပ်ဖို့ ဒါမှမဟုတ် စခန်းသွင်းဖို့  သဘောတူပါက ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

          ပြီးခဲ့တဲ့ ၂ နှစ်က မြန်မာနိုင်ငံရေး အကျပ် အတည်းဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအကြား အငြင်းအခုံ ဖြစ်ခဲ့ပါတယ်။ မြန်မာပဋိပက္ခအဆုံးသတ်ရေး ချဉ်းကပ်မှုနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုတွေဟာ ယခုနှစ်ပူးတွဲထုတ်ပြန်ချက်ကို  ပျက်ပြားလုနီးပါး ဖြစ်စေခဲ့တယ်။ နှစ်ရက်ကြာ ကြန့်ကြာပြီးနောက်  အာဆီယံဥက္ကဋ္ဌ နဲ့ ထိုင်းနိုင်ငံတို့ဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ညှိနှိုင်းကြိုးပမ်းခဲ့ပါတယ်။ ပူးတွဲထုတ်ပြန်ချက် အပိုဒ် ၁၄၅ တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ထိုင်းနိုင်ငံကို နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ(SAC)နှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှုများကို အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ရှုမြင်ကြောင်း ဖော်ပြထားပါတယ်။ အာဆီယံအဖွဲ့ဝင်အချို့က နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီSACနှင့် တွေ့ဆုံဖို့ ထိုင်းအစိုးရရဲ့ ကြိုး  ပမ်းမှုများကို မထောက်ခံတဲ့အပြင် မြန်မာနိုင်ငံနှင့် အာဆီယံဥက္ကဋ္ဌရဲ့ ကြိုးပမ်းအား ထုတ်မှုများ အပေါ် အာဆီယံစည်းလုံးညီညွတ်မှု လျော့ပါးစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

       အမှန်ဆိုရင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အလွတ်သဘော အစည်းအဝေးတွေဟာ အာဆီယံရဲ့ သဘောတူညီချက်ကို ချိုးဖောက်တာ မဟုတ်ဘဲ အာဆီယံဘုံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့အတွက် ချဉ်းကပ်မှုတစ်ခုဖြစ်တာကြောင့် ပြီးခဲ့တဲ့ နိုဝင် ဘာလက ဖနွမ်းပင်မှာ ခေါင်းဆောင်များရဲ့ ဆုံး ဖြတ်ချက်မှာ ဖော်ပြခဲ့ပါတယ်။

     လက်ရှိမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာသည် ကျန်းကျန်းမာမာရှိကြောင်း အာဆီယံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းက သိကြပါတယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို စတင်ရာမှာ ထည့်သွင်းစဉ်းစားရမဲ့ အမည်ခံခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေပြီး ၎င်းက ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကို တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်ကို ကြိုတင်သတ်မှတ်ချက်တွေမပါဘဲ ဆက်လက်လုပ်ဆောင်ဖို့ လိုလားကြောင်း  ပြောကြားခဲ့ပါတယ်။ 

       ကုလသမဂ္ဂအထူးအေဂျင်စီများ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဆီယံညှိနှိုင်းရေးဗဟိုဌာနကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေအတွက် နေပြည်တော်မှာ သဘောတူညီ ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် အာဆီယံခေါင်း ဆောင်များဟာ နိုင်ငံတော် အုပ်ချုပ်ရေးကောင် စီရဲ့ နိုင်ငံရေးခေါင်းဆောင်များကို အာဆီယံ နှစ် ပတ်လည် ညီလာခံနဲ့ အာဆီယံ ထိပ်သီးအစည်း အဝေးတွေ တက်ရောက်ခြင်းမပြုဖို့ တားမြစ်ခဲ့ပါတယ်။

      အင်ဒိုနီးရှားနိုင်ငံဟာ အကြီးဆုံး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကမ္ဘာ့တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဂုဏ်ယူနေချိန်မှာ အာဆီယံဥက္ကဋ္ဌက သူ့ကိုယ်သူ အာဆီယံဌာနချုပ်အဖြစ် ရှုမြင်နေပါတယ်။  ဂျကာတာက ၎င်းရဲ့ ခေါင်းဆောင်မှု တိုးတက်မှုနှင့် မြန်မာနိုင်ငံအကျပ်အတည်း အဆုံးသတ်ရေးက ခြားနားချက်တစ်ခု ဖြစ် ကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ များပြားလှတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းခြင်းက အလွန်ခက်ခဲကြောင်း ယခုအင်ဒိုနီးရှားက နားလည် သဘောပေါက်လာခဲ့ပါတယ်။ ဒါကြောင့် အာဆီယံဥက္ကဋ္ဌက အာဆီယံအထူးသံတမန်ကို အမည်မဖော်ဘဲ  ဖွဲ့စည်းခဲ့တယ်။ မစ္စ Retno က ဥက္ကဋ္ဌဟာ အာဆီယံနဲ့ ဆွေးနွေးဖက်တွေရဲ့ ပံ့ပိုးကူညီမှုဖြင့် သက်ဆိုင်သူအားလုံးနဲ့ အစည်းအဝေးပေါင်း ၁၁၀ ကျင်းပခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့တယ်။ တိုးတက်မှုပုံပေါက်နေသော်လည်း မစ္စ Retno သည် အဲဒီအစည်းအဝေးတွေရဲ့ ရလဒ်တွေကို အသေးစိတ်ဖော်ပြခြင်းမရှိပေ။

     သို့သော်လည်း အာဆီယံဥက္ကဌနဲ့ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် အာဆီယံဟာ မြန်မာပြည်သူများရဲ့ ဆန္ဒများကို ဖြည့်ဆည်းပေးဖို့နဲ့ ပဋိပက္ခများ အဆုံးသတ်ဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ အဓိကမူဘောင်အဖြစ် ခိုင်မာစွာ တည်ရှိနေခဲ့ပါတယ်။ စက်တင်ဘာလမှာ ကျင်းပမဲ့ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ မတိုင်မီ လအနည်းငယ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ မြင်သာထင်သာ တိုးတက်မှု တစ်စုံတစ်ရာရှိလာမှာကို  စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မဟုတ်ပါက အာဆီယံဟာ မြန်မာနိုင်ငံနှင့် ပတ်သက်တဲ့ ၎င်းရဲ့ အလုံးစုံသော ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ပြီး ပြန်လည်ချိန်ညှိရန် လိုအပ်မှ ဖြစ်ပါတယ်။

(ဇူလိုင်လ ၁၈ ရက်နေ့ Bangkok Post ပါ စာရေးသူ KAVI CHONGKITTAVORN ၏
Asean broadens its geopolitical profile ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

#PAN