ပဲခူးမြို ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အဘိဓမ္မာအခါ တော်နေ့ ဆီမီး(၁၀၀၀၀)ထွန်းညှိ ပူဇော်ပွဲ ကျင်းပပြုလုပ်


အောက်တိုဘာ ၃၀


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှ ကြီးမှူးကျင်းပပြုလုပ်သည့် ပထမအကြိမ်မြောက် သီတင်းကျွတ်လပြည့်နေ့၊ အဘီဓမ္မာ အခါတော်နေ့ ဆီမီး(၁၀၀၀၀)ထွန်းညှိ ပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိ သူများနှင့် ၎င်းတို၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲများ၊ ဒေသခံ ပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး တေးညွန့်မင်္ဂလာ တေးဂီတ အဖွဲ့ ရွှေတံဆိပ်ဆုများရှင် တေးသံရှင် ထက်ထက်မော်က ထူးမခြားနားသီချင်းခံ ၃ ပိုဒ်ဖြင့် သီကျူးပူဇော်သည်။


ထိုနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ်ဦးမျိုးဆွေးဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ၎င်းတို၏ဇနီးများ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ ဒေသခံပြည်သူများက ဆီးမီး (၁၀၀၀၀)အား ထွန်းညှိပူဇော်ကြပြီး ဆီမီးထွန်းညှိပူဇော်နေချိန်တွင် တေးညွှန့်မင်္ဂလာတေးဂီတအဖွဲက ညိမ့်ညောင်း သာယာသော ဓမ္မတေးများဖြင့် သီဆိုပူဇော်ခဲ့ကြကြောင်း သိရှိရပါသည်။


သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြိုရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်း ရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာစေတီတော်မြတ်ကြီး၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေဂူလေး၊ ရွှေဂူကြီးစသည့် သမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီတော်များတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျှက်ရှိကြောင်း သတင်းရရှိပါသည်။

PAN