မွန်ပြည်နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေးမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတား တစ်စင်း ပြိုကျပျက်စီးမှု ဖြစ်ပွား

ဇူလိုင် ၂၀

        မွန်ပြည်နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေတိုက်စားမှုကြောင့် ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာအဝင်ရှိ ကွန်ကရစ်တံတား ၁ စင်း၏ ဘေးဘက်ခြမ်းပြိုကျသွားခဲ့မှု ယမန်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

    ယင်း တံတားသည် ကျောက်မိချောင်းကျေးရွာအနီးရှိ ရေး-ကျောင်းရွာသွားလမ်းပိုင်းတွင်တည်ရှိပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Wing wall ၁၅ ပေ ခန့် ပြိုကျပျက်စီးပြီး တံတားချဉ်း ကပ်ကတ္တရာလမ်း (၁၀×၄)ပေခန့် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

      အဆိုပါတံတားမှာ ဇူလိုင်လ ၅ ရက်နေ့က အနည်းငယ်ပြိုကျခဲ့ပြီး ယခုထပ်မံပြိုကျခြင်းဖြစ်ကြောင်း၊ ၎င်းတံတားကို ၂၀၁၁-၂၀၁၂ ခုနှစ်က ကျေးရွာအစီအစဥ်ဖြင့် ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သေ အရှည်ပေ ၂၀ ရှိသော တံတားဖြစ်ကြောင်း၊ လောလောဆယ် ယာဥ်ငယ်များ သွားလာနိုင်သော်လည်း အန္တရာယ်ရှိကြောင်းနှင့် ပြုပြင်မှုများ မပြုလုပ်ပါက လုံးဝပြိုကျသွားနိုင်ကြောင်း သတင်းရရှိပါသည်။

#PAN