“တောင်အာဖရိကနိုင်ငံ၏ အကြီးဆုံး မြို့ဖြစ်သည့် Johannseburgမြို့တွင် မြေအောက်ဓာတ်ငွေ့ပိုက်လိုင်းများပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ကားအစီး ၂၀ကျော်ထိ ပျက်စီးဆုံးရှုံးခဲ့ရကာ လူ၄၈ဦးထိခိုက် ဒဏ်ရာများရရှိခဲ့ကြပြီးလူ ၁ဦးသေဆုံးခဲ့ရ”

ဇူလိုင် ၂၀

BRICS အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေးကျင်းပပြုလုပ်မည့် တောင်အာဖရိကနိုင်ငံအတွင်းရှိ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၁၉ရက် ဗုဒ္ဓဟူးနေ့ ညနေခင်း အချိန်က မြေအောက်ဓာတ် ငွေ့ပိုက်လိုင်းများ ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ကားလမ်းများ ပွင့်ထွက်သွားကာ ကားအစီး ၂၀ ကျော်ထိ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၈ဦးထိခိုက် ဒဏ်ရာများရရှိ ခဲ့​ပြီး လူ ၁ဦးသေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံ၏ အကြီးဆုံး မြို့တစ်မြို့ဖြစ်သည့် Johannesburg မြို့တွင် မြေအောက်ဓာတ်ငွေ့ပိုက်လ်ိုင်းများ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရပြီး အဆ်ိုပါ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်းလည်း အာဏာပိုင်များက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဥ်များ ဖြစ်ပွားခဲ့ ပြီးနောက် ဒုတိယအကြိမ် ထပ်မံ ပေါက်ကွဲမှု ဖြစ်မည်ကို စိုးရိမ်သောကြောင့် မြို့၏ လူသူထူ ထပ်သောနေရာများ နှင့် မြို့လယ်ခေါင်ရှိ အထပ်မြင့် အဆောက်အအုံများ ပြိုကျနိုင်သည့် နေရာများတွင် ပြိုကျမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် အာဏာပိုင်များက မြေအောက်ဓာတ်ငွေ့ပိုက်လ်ိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဧရိယာအနီးရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။