“အိန္ဒိယနိုင်ငံ အနောက်ဘက်ကျွန်းဆွယ်ဒေသရှိ Maharashtraပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှုများဖြစ်ပေါ်ခဲ့ကာ လူ၁၀ဦးထိ အသက်ဆုံးရှုံးခဲ့ရပြီး လူ၁၀၀ကျော်နီးပါးထိ မြေပြိုမှုများအတွင်း ပိတ်မိနေကြမှာကို စိုးရိမ်နေကြ”

ဇူလိုင် ၂၀

အိန္ဒိယနိုင်ငံ၏ အနောက်ဘက်ကျွန်းဆွယ်ဒေသရှိ ပြည်နယ်တစ်ခုဖြစ်သည့် Maharashtra ပြည်နယ် Raigad ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး ဆိုးရွားသော မြေပြိုမှုများဖြစ်ပေါ်ခဲ့ကာ လူ ၁၀ ဦးထိ အသက်ဆုံးရှုံးခဲ့ရပြီး လူ ၁၀၀ ကျော်နီးပါး အဆိုပါ မြေပြိုမှုများတွင် ပိတ်မိနေမှာကို စိုးရိမ်နေကြောင်း ပြည်နယ်၏ တာဝန်ရှိသူများ က ယနေ့ ဇူလိုင် ၂၀ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြပါတယ်။

ယခုအချိန်အထိ အဆိုပါ ဒေသတွင် လူ ၇၅ ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး ​အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ ကီလိုမီတာ ၆၀ ခန့်အကွာရှိ Irshalwadi တောင်ပေါ်ရွာ တစ်ခုတွင်လည်း မနေ့ ညလယ်ပိုင်းအချိန်က မြေပြိုမှုများ ဖြစ်ပွားခဲ့ ကြောင်း တာဝန်ရှိ သူများ၏ ပြောကြားချက် ကို ကိုးကားပြီး အိန္ဒိယဒေသအတွင်းရှိ မီဒီယာ များက ဖော်ပြပြောဆိုထားကြပါတယ်။

“လူ ၇၅ ဦးခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ခဲ့ပြီး ၁၀ဦး သေဆုံးခဲ့ရကြောင်း” Maharashtra ပြည်နယ်၏ လက်ထောက် ဝန်ကြီးချုပ်ဖြစ်သည့် Devendra Fadnavis က ၎င်း၏ Twitter စာမျက်နှာပေါ်တွင် ဖော်ပြပြောဆိုထားပြီး “ဒီ ရှာဖွေကယ်ဆယ်ရေးပြဿနာတွေက မြေပြိုတဲ့ တချို့နေရာတွေမှာ ပေ ၂၀ မှ ၃၀ နီးပါးထိ နက်ပြီး လူကိုယ်တိုင်ဝင်ရောက်ပြီး ခက်ခဲစွာ ကယ်ဆယ်ရေးများပြုလုပ်နေရတယ်” ​​လို့ အမည်မဖော် လိုသော ကယ်ဆယ်ရေး အရာရှိတစ်ဦးက အိန္ဒိယနိုင်ငံ ABP Majha ရုပ်သံလိုင်းသို့ ပြောကြားခဲ့ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။