မဟာအောင်မြေမြို့နယ်တွင် လျှပ်စစ်ပစ္စည်းအဟောင်းပြုပြင်ရေးဆိုင်၌ ဓာတ်ခဲအားသွင်းစက်မှ အပူလွန်ကဲပြီး မီလောင်မှုဖြစ်ပွားရာ နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံးခဲ့

ဇူလိုင် ၂၀

    ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် ၃၉လမ်း၊ ၇၀-၇၁လမ်းကြားရှိ လပြည့်ဝင်း(လျှပ်စစ်ပစ္စည်းအဟောင်းပြုပြင်ရေးဆိုင်) အိမ်ပိုင်ရှင် ဒေါ်စန်းစန်းဝင်း၊ ကျောင်း ဆရာမ (ငြိမ်း)နှင့် ညီမဖြစ်သူ ဒေါ်နန်းရီရီဆွေ၊ (ဘ) ဦးမောင်အေး၊ ရှမ်း/ဗမာ/ဗုဒ္ဓတို့၏နေအိမ်၊ ပေ ၃၀၊ ပေ ၄၀ သွပ်မိုးထရံကာမြေစိုက် ၂ ထပ်နေအိမ်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

     မီးလောင်မှုဖြစ်ပွားသည့် သတင်းအရ မီးသတ်ဦးစီးဌာနမှ မီးသတ်အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီးတို့ဖြင့် ဝိုင်း ဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၄ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီအချိန်ခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။

        မီးလောင်မှုကြောင့် အဆိုပါပါနေအိမ်နှင့် ကပ်လျှက် ဦးသိန်းကို၏ ပေ(၂၀ × ၄၀)၊ RCနံကပ် ၂ ထပ်တိုက်နေအိမ်၊ ဦးချစ်ကို၏ ပေ(၁၄ × ၂၀)နံကပ်ကျောက်ပြားကာနေအိမ်၊ ဒေါ်ဆွေဆွေအေး၏ ပေ(၁၅ × ၂၅) ကျောက်ပြားကာ ၂ ထပ်နေအိမ်နှင့် ဦးမြင့်အောင်၏ ပေ(၂၇ × ၂၇)သွပ်မိုးထရံကာ ၂ ထပ်နေအိမ်၊စုစုပေါင်း နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါသည်။

       မီးလောင်ရသည့်အကြောင်းအရင်းမှာ စတင်လောင် လပြည့်ဝင်း(လျှပ်စစ်ပစ္စည်းအဟောင်းပြုပြင်ရေးဆိုင်) အပေါ်ထပ်ရှိ အနောက်ခန်းတွင် တစ်လုံးထိုးဓာတ်ခဲအားသွင်းစက်အတွင်း အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး(၂၁,၉၃၈,၀၀၀)ကျပ်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

#PAN

ဇူလိုင် ၂၀     ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် ၃၉လမ်း၊ ၇၀-၇၁လမ်းကြား ရှိ လပြည့်ဝင်း(လျှပ်စစ်ပစ္စည်းအဟောင်းပြုပြင်ရေးဆိုင်) အိမ်ပိုင်ရှင် ဒေါ်စန်းစန်းဝင်း၊ ကျောင်း ဆရာမ(ငြိမ်း)နှင့် ညီမဖြစ်သူ ဒေါ်နန်းရီရီဆွေ၊ (ဘ) ဦးမောင်အေး၊ ရှမ်း/ဗမာ/ဗုဒ္ဓတို့၏နေအိမ်၊ ပေ ၃၀၊ ပေ ၄၀ သွပ်မိုးထရံကာမြေစိုက် ၂ ထပ်နေအိမ်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။      မီးလောင်မှုဖြစ်ပွားသည့် သတင်းအရ မီးသတ်ဦးစီးဌာနမှ မီးသတ်အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၄ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီအချိန်ခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။         မီးလောင်မှုကြောင့် အဆိုပါပါနေအိမ်နှင့် ကပ်လျှက် ဦးသိန်းကို၏ ပေ(၂၀ × ၄၀)၊ RCနံကပ် ၂ ထပ်တိုက်နေအိမ်၊ ဦးချစ်ကို၏ ပေ(၁၄ × ၂၀)နံကပ်ကျောက်ပြားကာနေအိမ်၊ ဒေါ်ဆွေဆွေအေး၏ ပေ(၁၅ × ၂၅)ကျောက်ပြားကာ ၂ ထပ်နေအိမ်နှင့် ဦးမြင့်အောင်၏ ပေ(၂၇ × ၂၇)သွပ်မိုးထရံကာ ၂ ထပ်နေအိမ်၊စုစုပေါင်း နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါသည်။        မီးလောင်ရသည့်အကြောင်းအရင်းမှာ စတင်လောင် လပြည့်ဝင်း(လျှပ်စစ်ပစ္စည်းအဟောင်းပြုပြင်ရေးဆိုင်) အပေါ်ထပ်ရှိ အနောက်ခန်းတွင် တစ်လုံးထိုးဓာတ်ခဲအားသွင်းစက်အတွင်း အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး(၂၁,၉၃၈,၀၀၀)ကျပ်ဖြစ်ကြောင်း သတင်း ရရှိပါသည်။