ဘီးလင်းမြို့နယ်​အတွင်း ဖွင့်လှစ်ပြီးစာသင်ကြားနေသော စာသင်​ကျောင်းများတွင် နစက အစိုးရဝန်ထမ်းများ တာဝန်ထမ်းဆောင်ခွင့်မပြုကြောင်း ထုန်ပြန်ချက်ခြိမ်း​ခြောက်​စာများ လိုက်​လံကပ်​နေ

ဇူလိုင် ၁၉

      မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့ နယ်​၊ ဇုတ်​သုတ်​ကျေးရွာအုပ်​စု ၊ ရွာကြီးရပ်​ကွက်​ရှိ ရွာမအ​ခြေခံပညာမူလတန်း​ကျောင်းတွင် ယမန်နေ့ ညက PDF အမည်ခံ အကြမ်းဖက်​သောင်းကျန်းသူများက လာ​ရောက်​၍ အသိပေးထုတ်ပြန်ချက်ဟုသော စာတစ်စောင်ကပ်​သွား​ကြောင်း သိရသည်​။

       ဘီးလင်းမြို့နယ်​အတွင်း လုံခြုံ​ရေးအလှမ်း​ဝေး​သော​နေရာများရှိ​သော စာသင်​ကျောင်းများမှာ ပိတ်​ထားရပြီး ယခုအခါ ဘီးလင်းမြို့နယ်​အတွင်း ကျေးရွာများရှိ ဖွင့်လှစ်ပြီးစာသင်ကြားနေသော စာသင်​ကျောင်းများကို ခြိမ်း​ခြောက်​စာများအား KNU တပ်​မဟာ(၁)နှင့်​ PDF အကြမ်း ဖက်​သောင်းကျန်းသူများက စာသင်​ကျောင်းများတွင် နစက အစိုးရဝန်ထမ်းများ တာဝန်ထမ်းဆောင်ခွင့်မပြုကြောင်း ထုန်ပြန်ချက်ခြိမ်း​ခြောက်​စာများကို လိုက်​လံကပ်​နေကြ​ကြောင်း သတင်းရရှိပါသည်​။

#PAN