“ကာဂျစ်စတန်နိုင်ငံအား အမေရိကန် အစိုးရက ရုရှားနိုင်ငံကို နည်းပညာမြင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ ပံ့ပိုးပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် အရေးယူပိတ်ဆို့မှု များပြုလုပ် နိုင်ရန် စီစဥ်နေ”

ဇူလိုင် ၁၉

ရုရှားနိုင်ငံအား နည်းပညာမြင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများကို ပံ့ပိုးပေးနေသည့် ကာဂျစ်စတန်နိုင်ငံ၏ လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် ကာဂျစ်စတန်နိုင်ငံအပေါ် စီးပွားရေးအရ အကျပ်ကိုင် ပိတ်ဆို့မှု အသစ်များကို အမေရိကန်က ကြေညာနိုင်ဖွယ်ရှိနေတယ်လို့ အမည်မဖော် လိုသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး အမေရိကန်နိုင်ငံ အခြေစိုက် ဝါရှင်တန်ပို့စ် သတင်းဌာနက ယနေ့ ဇူလ်ိုင်လ ၁၉ရက်နေ့တွင် ဖော်ပြပြောဆိုထားပါတယ်။

သတင်းအရင်းမြစ်များအရ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များက အမေရိကန် နှင့်အနောက်အုပ်စုဥရောပ သံတမန်များရဲ့ ကာဂျစ်စတန်နိုင်ငံ၏ မြို့တော် Bishkekမြို့ သို့ လအတန်ကြာအချိန် ကလာရောက်လည်ပတ်မှုများပြုလုပ်ပြီးနောက် ကာဂျစ်စတန်နိုင်ငံအား အမေရိကန် နှင့် အနောက်အုပ်စုများက ဖြစ်နိုင်ခြေရှိသော အရေးယူပိတ်ဆို့မှု အစီအစဥ်များကို စတင်ရှာဖွေနေပြီဖြစ်ကြောင်း ဖော်ပြပြော ဆိုထားပါတယ်။

အဆိုပါ အစီအစဥ်များသည် ယခုသီ တင်းပတ်အတွင်း ထုတ်ပြန်ကြေညာ သွားဖွယ်ရှိနေပြီဖြစ်ကြောင်းလည်း အမည်မဖော်လိုသော သတင်းရင်းမြစ်များက ဖော်ပြပြောဆိုထားကြပါတယ်။

ထို့နောက် ကာဂျစ်စတန်နိုင်ငံရှိ ကုမ္ပဏီကြီး များအပေါ် ဝါရှင်တန်(အမေရိကန်)က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထား ပြီးဖြစ် ကြောင်းလည်း ဝါရှင်တန်ပို့စ် သတင်းဌာနက ဖော်ပြပြောဆိုထားပါတယ်။