ပေါက်မြို့နယ်၊ တပ်ကုန်းပြည် သူ့စစ်ရွာကို အကြမ်းဖက်သောင်းကျန်းသူ PDF နှင့် ချင်းအကြမ်းဖက်အဖွဲ့ CDF ပူးပေါင်းအဖွဲ့များက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်ခဲ့

ဇူလိုင် ၁၉

        ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တပ်ကုန်းပြည် သူ့စစ်ရွာကို အကြမ်းဖက်သောင်းကျန်းသူ PDF နှင့် ချင်းအကြမ်းဖက်အဖွဲ့ CDF ပူးပေါင်းအဖွဲ့များက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ကျေးရွာပြည်သူ့စစ်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့က ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရကြောင်း၊ အင်အားမမျှသဖြင့် နံနက် ၇ နာရီအချိန်ခန့်တွင် တပ်မတော်မှ ရဟတ်ယာဥ်ဖြင့် လေကြောင်းပစ်ကူပေးတိုက် ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူ PDF များမှာ အကျအဆုံးများစွာနဲ့ထွက်ပြေးခဲ့ရကြောင်း သိရပါသည်။

     လက်ရှိတွင် ကျေးရွာအတွင်း အကြမ်းဖက် PDF ၂ ဦးကို AK 47 သေနတ် ၂ လက်၊ ကျည်ကဒ် ၂ ကဒ်၊ ကျည် ၂၆ တောင့် တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း၊ ပြည်သူ့စစ်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဖက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်သတင်းရရှိပါသည်။

      ချင်းအကြမ်းဖက်သောင်းကျန်းသူ CDF အဖွဲ့များသည် ချင်းပြည်နယ်အတွင်း တပ်မတော်မှ စစ်ကြောင်းများထိုးပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသဖြင့် ရပ်တည်ရန်အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ဆင်းလာပြီး နယ်မြေခံ အကြမ်းဖက်သောင်းကျန်းသူ PDF များနှင့် လာရောက်ပူး ပေါင်းနေခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN