“တိုင်ဖွန်းမုန်တိုင်း Talim ဝင်ရောက်တိုက် ခတ်လာမှုကြောင့် တရုတ်နိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံ အတွင်းရှိ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရ”

ဇူလိုင် ၁၈

တိုင်ဖွန်းမုန်တိုင်းဝင်ရောက်လာမှုကြောင့် တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားခဲ့ရပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ရက် တနင်္လာနေ့ နှောင်းပိုင်းတွင် ကြီးမားသော တိုင်ဖွန်းမုန်တိုင်းကြီးတစ်ခုသည် တရုတ်နိုင်ငံ ကမ်းခြေအတွင်းသို့ဝင်ရောက်လာခဲ့ပြီး ပြင်းထန် သောလေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားကာ မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး နိုင်ငံအတွင်းရှိ လေယာဉ် နှင့် ရထား ခရီးစဉ်ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပါတယ်။

ပြီးခဲ့သည့် တနင်္လာနေ့ ဇူလိုင် ၁၇ ရက်နေ့ နှောင်းပိုင်းမှာ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြီးဟာ ပြင်းပြင်းထန်ထန် ပိုမိုအားကောင်းသော လေပြင်း တိုက်ခတ် မှုများဖြစ်ပေါ် လာပြီး ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ လူသန်းပေါင်း လေးပုံတစ်ပုံကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခဲ့ရတာလည်းဖြစ်ပါတယ်။

ယခုနှစ်၏ စတုတ္ထမြောက် တိုင်ဖွန်း မုန်တိုင်း Talim သည် ကွမ်တုံပြည်နယ် ကမ်းရိုးတန်းသို့ ဇူလိုင် ၁၇ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့် တွင်ဝင်ရောက်လာခဲ့ပြီး ကုန်းတွင်း ပိုင်းသို့ ဝင်ရောက်လာခဲ့ကာ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၃၆ ဒသမ ၈ ကီလိုမီတာထိ ရှိခဲ့ကြောင်း တရုတ် မိုးလေဝသ စီမံခန့်ခွဲရေး ဌာနက ထုတ်ပြန်ကြေညာ​ထားတာ လည်းဖြစ်ပါတယ်။

မုန်တိုင်းနှင့်အတူ ပါလာသော ဒီရေလှိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများသည် တောင်ပိုင်းကမ်းရိုးတန်း ပြည်နယ်များ ဖြစ်ကြသည့် Guangdong နှင့် Hainan ပြည်နယ်များကို ထိခိုက် ပျက်စီး မှုများဖြစ်ပေါ်စေခဲ့ပါတယ်လို့လည်း အဆိုပါ ဌာနက ထပ်လောင်း ပြောဆိုထား ပါသေးတယ်။

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံ Guandong ပြည်နယ်၏ ကုန်းတွင်းပိုင်း အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး လူပေါင်း ၂၃၀,၀၀၀ နီးပါးကို အိုးအိမ်များမှ ရွှေ့ပြောင်း ပေးထားရပါတယ်။

ဗီယက်နမ်နိုင်ငံ ကွမ်နင်းဒေသ နှင့် ဟိုင်ဖန်းဒေသ တို့တွင် အဆိုးရွားဆုံး ထိခိုက်နိုင်တယ်လို့ ခန့်မှန်းထားပြီး လူပေါင်း ၃၀,၀၀၀ ခန့်ကို ဗီယက်နမ်အစိုးရက ရွှေ့ပြောင်းပေး ထားကြောင်း ပြောကြားထား ပါတယ်။

Talim အမည်ရှိ တိုင်ဖွန်းမုန်တိုင်း သည် ဒေသစံတော်ချိန် ၁၀ နာရီ ၂၀မိနစ် (14:20 GMT) တွင် တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံကို၏ ကုန်းတွင်းပိုင်းများသို့ ဝင်ရောက်ခဲ့ပြီး လိမ္မော်ရောင်သတိပေးချက် ဒုတိယအမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားကြောင်းလည်းသတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ယနေ့ အင်္ဂါနေ့နံနက်ပိုင်းတွင် အရှိန်လျော့သွားနိုင်ပြီး ဗုဒ္ဓဟူးနေ့တွင် “ဗီယက်နမ်မြောက်ပိုင်းကို အားပျော့သောမုန်တိုင်းအဖြစ် ဖြတ်သန်း သွားမှာ ဖြစ်တယ်”လို့လည်း တရုတ်နိုင်ငံ အမျိုးသား မိုးလေဝသ စိီမံခန့်ခွဲရေး ဌာနက ထပ်လောင်းပြောကြားထားပါသေးတယ်။