မြင်းမူမြို့နယ်၊ ထီးဆောင်ကျေးရွာအနီးရှိ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့စခန်းကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အမည်ခံအဖွဲ့မှ Drone ဖြင့်လာရောက် ဗုံးချတိုက်ခိုက်ခဲ့ရာDrone Gun ဖြင့် ပစ်ချနိုင်ခဲ့

ဇူလိုင် ၁၇

     စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်ကျေးရွာအနီး မုံရွာ – မန္တလေး ခရီးသွားပြည်သူများလုံခြုံစွာ သွားလာနိူင်ရေးအတွက် လုံခြုံရေးတာဝန်ယူထားသော နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့စခန်းကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အမည်ခံအဖွဲ့မှ Drone ဖြင့်လာရောက် ဗုံးချတိုက်ခိုက်ခဲ့ရာ လုံခြုံရေးစခန်းဖက်မှတစ်စုံတစ်ရာထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရပါသည်။

      လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အမည်ခံများ၏ Drone တစ်စီးကို လုံခြုံရေးစခန်းမှ တပ်ဖွဲ့ဝင်များက ဒရုန်းဂမ်းဖြင့်ပစ်ချနိူင်ခဲ့ပြီး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

     ပြည်ပြေးအကြမ်းဖက် NUG ၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် Drone များကို အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျှက်ရှိရာ ၎င်း Drone ဖြင့် ပစ်ချတိုက်ခိုက်မှု တိကျမှုမရှိသဖြင့် သာမန်အရပ်သားပြည်သူ များမှာ မကြာခဏထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပွားရကြောင်း၊ ထိုကဲ့သို့ Drone ဖြင့် တိုက်ခိုက်မှုများကို တန်ပြန်နိုင်ရန် အစိုးရလုံခြုံရေးအဖွဲ့များကလည်း Drone Gun များဖြင့် ယခုနောက်ပိုင်းတွင် မကြာခဏ ပစ်ခတ်ဖြုတ်ချနိုင်ခဲ့ကြောင်း သိရပါသည်။

#PAN