ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူ့စစ်ကျေးရွာများကို PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက အဖွဲ့ ၃ ဖွဲ့ခွဲ၍ လာရောက်တိုက်ခိုက်၊ ထပ်မံတိုက်ခိုက်ရန် စီစဥ်နေ

ဇူလိုင် ၁၃

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ဆိက္ခဝကျေးရွာ တောင်ဘက် ၊ အုတ်ကျောင်းကျေးရွာသို့  PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့ နံနက် ၅ နာရီအချိန်မှ စတင်၍
အဖွဲ့ ၃ ဖွဲ့ခွဲ၍ရောက်ရှိလာရာ ဌာနေပြည်သူစစ်များဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

    ၎င်းနောက် အဆိုပါ အကြမ်းဖက်သောင်းကျန်း သူ PDF များသည် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ရှားဒူးရွာ၊စိုင်ဖြူရွာ ဘက်သို့ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ၎င်းတို့ အင်အားမှာ တစ်ဖွဲ့လျှင် ၃၀/၄၀ ဦးခန့်ပါဝင်ပြီး စုစုပေါင်း အင်အား ၁၀၀ ကျော်ခန့်ဖြင့် ပြည်သူ့စစ်ရှိသောရွာအား
ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူစစ်ဖက်တွင် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် အကြမ်းဖက်သောင်းကျန်း သူ PDF များဖက်မှ ထိခိုက်သေဆုံးမှု မသိရှိရသေးကြောင်း သိရပါ သည်။

     ၎င်းခု အကြမ်းဖက်သောင်းကျန်း သူ PDF များသည် ဆိက္ခဝကျေးရွာ ပြည်သူ့စစ်စခန်းအား
ဝင်ရောက်တိုက်ခိုက်ရန် စီစဥ်နေကြောင်း ဒေသခံပြည်များထံမှ သတင်းရရှိပါသည်။

#PAN