“အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းသဘောတူညီချက်အရ နိုင်ငံပေါင်း ၁၂၃နိုင်ငံမှ အသုံးမပြုကြရန် တားမြစ်ထားသည့် Cluster ဗုံးများ ကို ယူကရိန်းနိုင်ငံအတွင်းသို့ ထောက်ပံ့ပေး ပို့ခြင်းမပြုလုပ်ကြရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတ်ိပေးပြောကြားခဲ့”

ဇူလိုင် ၁၁

ယူကရိန်းနိုင်ငံသို့ Cluster ဗုံးများ သို့မဟုတ် လူများကို အစုလိုက်အပြုံလိုက် သေစေနိုင်သော ဗုံးများ အနောက်အုပ်စုများမှ ပေးပို့ခြင်းမပြုရန် တရုတ်နိုင်ငံက သတိပေးပြောကြား ခဲ့တာဖြစ် ပါတယ်။

ယူကရိန်းနိုင်ငံ ကို ကမ္ဘာ့နိုင်ငံများ က ပိတ်ပင်ထားကြသည့် လုများကို အစုလိုက် အပြုံလိုက် သေစေနိုင်သော ဗုံးများတွေ ထောက်ပံ့ပေးပို့မည့် အမေရိကန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင် တယ်လို့ တရုတ်နိုင်ငံက သတိပေး ပြောဆိုခဲ့ တာဖြစ်ပါတယ်။

အဆိုပါ သတိပေးထုတ်ပြန်ချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြီးခဲ့သည့် ဇူလိုင် ၁၀ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က ပင်တဂွန်(အမေရိကန်) က ယူကရိန်းအတွက် နောက်ထပ် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပက်ကေ့ချ်တစ်ခုတွင် အမေရိကန်နိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့ မပါဝင်သည့် နိုင်ငံပေါင်း ၁၂၃နိုင်ငံမှ အသုံးမပြုကြရန် သဘောတူညီထားကြသည့် Cluster ဗုံးအမျိုးအစားဖြစ်သော လူများကို အစုလိုက်အပြုံလိုက် သေစေနိုင်သော ဗုံးများထောက်ပံ့ပေးပို့မည့် အစီအစဥ်သည် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်များ အရ အသုံးမပြုကြရန် တားမြစ်ပိတ် ပင်ထားသော စစ်လက်နက် များလည်း ဖြစ်ပါတယ်လို့ လည်း သတင်းဌာနများ ကဖော်ပြပြောဆိုထား ကြပါတယ်။