“ရုရှား နှင့် နေတိုး အဖွဲ့အစည်းတို့အကြား အခြေခံသဘောတူညီမှုများ ပြီးဆုံးနေပြီ ဖြစ်သောကြောင့် ရုရှားနိုင်ငံ နယ်နမိတ်များနှင့် ထိစပ်နေသော နေတိုးအဖွဲ့ဝင်နိုင်ငံများတွင် အမြဲတမ်းကာကွယ်ရေးစစ်စခန်းများ တည်ထောင်ထားသင့်ကြောင်း လစ်သူယေးနီးယားသမ္မတ တောင်းဆိုခဲ့”

ဇူလိုင် ၁၁

အနောက်အုပ်စု NATO အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးခေါင်းဆောင် အစည်းအဝေးမတိုင်မီ လစ်သူယေးနီးယားနိုင်ငံ သမ္မတ Nauseda က မဟာမိတ်များ NATO တွင်ပါဝင်ကြသောနိုင်ငံများသည် ရုရှားနိုင်ငံနှင့် ထိစပ်နေသော နယ်နိမိတ်အနီး အမြဲတမ်း ကာကွယ်ရေးစစ်စခန်းများ တည်ထောင်ခြင်းဆိုင်ရာ ကန့်သတ်ချက်များကို စွန့်လွှတ်သင့်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁၀ရက်နေ့က ပြောကြားခဲ့ တာဖြစ်ပါတယ်။

အမေရိကန် အခြေစိုက် သတင်းဌာနဖြစ်သည့် The Times သတင်းဌာနကလည်း ရုရှားနိုင်ငံ နှင့် နေတိုး အဖွဲ့အစည်းတို့ အကြား အခြေခံ သဘောတူညီမှုများသည် “သေသွားပြီ” ဖြစ်သောကြောင့် NATO အဖွဲ့ဝင်နိုင်ငံများ နှင့် ထိစပ်နေသော ရုရှားနိုင်ငံနယ်စပ်အနီးတွင် အမြဲတမ်းကာကွယ်ရေး စစ်စခန်းများ လုပ် ဆောင် သင့်ကြောင်း ရေးသားဖော် ပြထားတာတွေလည်းရှိနေ ပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က တနင်္လာနေ့ (ဇူလိုင် ၁၀ ရက်) တွင် လစ်သူယေးနီးယားနိုင်ငံ Vilnius မြို့ သို့ရောက်ရှိခဲ့ပြီး လစ်သူယေးနီးယားနိုင်ငံ သမ္မတ Gitanas Nausėda နှင့်အတူ လစ်သူယေးနီးယားနိုင်ငံအတွင်းကျင်းပပြုလုပ်မည့် နေတိုးအဖွဲ့အစည်း၏ ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေးအတွက် နောက်ဆုံး ပြင်ဆင်မှုများ အတွက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေစဥ် လစ်သူယေးနီးယား သမ္မတ Nauseda က အထက်ပါအတိုင်း ပြောဆ်ို ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

ထို့နောက် ဇူလိုင် ၁၁ ရက် အင်္ဂါနေ့နှင့် ဇူလိုင် ၁၂ရက် ဗုဒ္ဓဟူးနေ့များတွင် NATO အဖွဲ့ဝင် မဟာမိတ်ခေါင်းဆောင်များ တွေ့ဆုံကြ သည့်အခါ NATO အဖွဲ့အစည်းကြီး၏ ရန်သူများကို တားဆီးကာကွယ်ရေး နှင့် ကာကွယ်ရေးကို ခိုင်မာစေရန်အတွက် နောက်ထပ် အဓိကခြေလှမ်းများ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်က ပြောကြားခဲ့တာ လည်းဖြစ်ပါတယ်။

“ဒါက လစ်သူယေးနီးယားနိုင်ငံရဲ့ လက်မတိုင်းနဲ့ မဟာမိတ်နယ်မြေတို့ရဲ့ လက်မတိုင်းကို ကာကွယ်သွားမယ်ဆိုတဲ့ ပြတ်သားတဲ့ သတင်းစကားတစ်ခု ဖြစ်လာနိုင်ပါတယ်” လို့ Mr Stoltenberg က ထပ်လောင်း ပြောကြားခဲ့ပါတယ် လို့ သတင်းဌာနများက ဖော်ပြပြောဆိုနေကြပါတယ်။