သထုံမြို့နယ်၊ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၄၇/ ၅ နှင့် ၁၄၇/၆ ကြားတွင် PDF အမည်ခံ လူသတ်အကြမ်းဖက်များထောင် ထားသော လက်လုပ်မိုင်းပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင် ၁၁

      ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ အုပ်စု၊ မြေနီကုန်းကျေးရွာ၊ ဘုန်ကြီးကျောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၄၇/ ၅ နှင့် ၁၄၇/၆ ကြား၌ PDF အမည်ခံ လူသတ်အကြမ်းဖက်များထောင်ထားသော လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

     အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် နောင်ကုလားကျေးရွာဘက်မှ သထုံမြို့ဘက်သို့ ဘေးတွဲ ဆိုင်ကယ်မောင်းနှင်သူ ဦးအောင်မြင့်ကြည့် (ခ) ကိုမောင်စီး၊ ၄၅နှစ်၊(ဘ) ဦးအောင်စိန် ၊ နောင်ကုလားဘူတာလမ်း‌နေသူတွင် ဝမ်းဗိုက် ယာဘက် ၊ယာ‌ခြေ ထောက်မိုင်းဆထိမှန် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး သထုံခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN