“တူရကီနိုင်ငံက ယူကရိန်းနိုင်ငံကို Azov အမည်ရှိကြေးစားစစ်သွေးကြွများ ပေးပို့ရန် ဆုံးဖြတ်ချက်ချခဲ့သည့်အကြောင်းအရင်းနှင့် ပတ်သတ်ပြီး ဝါရှင်တန် အနေဖြင့် မည်သည့် ဖိအားမှ မပေးခဲ့ဘူးလို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ်က ပြောကြားခဲ့”

ဇူလိုင် ၁၀

တူရကီနိုင်ငံက “Azov အမည်ရှိ အဖွဲ့ဝင်များ” ကို တူရကီနိုင်ငံမှ ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးပို့ရာတွင် အမေရိကန်နိုင်ငံက ပါဝင် ပတ်သက်ခြင်းမရှိကြောင်း အမေရိကန်သမ္မတ Joe Biden၏ အကြံပေးအရာရှိ Jake Sullivanက ပြီးခဲ့သည့် ဇူလိုင် ၉ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ တာဖြစ်ပါတယ်။

တူရကီ သမ္မတ အာဒိုဂန်က ယူကရိန်းနိုင်ငံသို့ ကြေးစားစစ်သား Azov စစ်သွေးကြွများကို ပေးပို့ရန် ဆုံးဖြတ်ချက် ချခဲ့သည့်အကြောင်း အရင်းနှင့် ပတ်သတ်ပြီး ဝါရှင်တန် (အမေရိကန်) က အန်ကာရာ (တူရကီ)ကို ဖိအားပေးသောကြောင့် ဟူသော ထင်ကြေးပေး မှုများဖြစ်သည့် သတင်း ထောက်များ၏ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ်က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပယ်ချပြောဆိုခဲ့ တာဖြစ် ပါတယ်။

” ဒီမေးခွန်းကို တူရကီ သမ္မတ အာဒိုဂန်ကို တိုက်ရိုက် ညွှန်ပြမေးတာက ပိုသင့်လျော်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ အဆိုပါကိစ္စမှာ မပါဝင်ခဲ့သလို သမ္မတ အာဒိုဂန် ရဲ့ ကြိုးစားနေမှုများအပေါ် မှာလည်း ဘာ မှတ်ချက်မှပေးနိုင်ပါဘူး” လို့ Sullivan က တုံ့ပြန်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။