ထီးချိုင့်မြို့နယ်အတွင်း နယ်မြေခံ တပ်မတော်လုံခြုံရေးအဖွဲ့နှင့်လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များတို့ ထိတွေ့ပစ်ခတ်မှုဖြစ်၊PDF အကြမ်းဖက် တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆည်းရမိ

ဇူလိုင် ၉

        ယနေ့ နံနက် ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာဖက်မှ ထီးချိုင့်ဖက်သို့ ချဥ်းကပ်လာသည့်  လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF
များနှင့် နယ်မြေခံ တပ်မတော်လုံခြုံရေးအဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

      ထိုသို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တပ်မတော်လုံခြုံရေးအဖွဲ့က PDF အကြမ်းဖက်သောင်းကျန်သူ တစ်ဦးကို KAအမျိုးအစား သေ နတ် ၁လက်၊ ကျည်အိမ် ၂ခု၊ ကျည် ၅၀တောင့်၊ ဒီတိုနေတာ ၃၀ခု တို့နှင့်အတူ အသေဖမ်းဆည်းရမိခဲ့ကြောင်းနှင့် တပ်မတော်လုံခြုံရေးအဖွဲ့ဖက်မှ ထိခိုက်မှု တစ်စုံ တစ်ရာမရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN