“ဆီးရီးယားနိုင်ငံ၏ အရှေ့မြောက်ဘက်ပိုင်းရှိ ဝေဟင်ပေါ်တွင် အမေရိကန် လေတပ် နှင့် ရုရှားလေတပ်တို့အကြား လေကြောင်း အားပြိုင်မှုများဖြစ်ပွားခဲ့”

ဇူလိုင် ၇

အမေရိကန်ကာကွယ်ရေးဌာန၏ထုတ်ပြန်ချက်များကို ကိုးကားပြီး စီအင်န်အင်န်(CNN) သတင်းဌာနက ရုရှားနိုင်ငံပိုင် Su-35S အမျိုးအစား တိုက်လေယာဉ်များသည် ဆီးရီးယား နိုင်ငံ၏ အရှေ့မြောက်ဘက်ပိုင်းရှိ ဝေဟင်ပေါ်တွင် အမေရိကန် MQ-9 Reaper အမျိုးအစား ကင်းထောက် UAVs ၃စင်းကိုပြီးခဲ့သည့် ဇူလိုင် ၅ရက်နေ့မှ ၆ရက်နေ့ထိ ကြားဖြတ် ဟန့်တားမှုများဖြစ်ပွား ခဲ့ကြောင်း ဖော်ပြပြော ဆိုထားပါတယ်။

“သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ရုရှားတိုက် လေယာဉ်တွေဟာ ကျနော်တို့ နိုင်ငံရဲ့ မောင်းသူမဲ့ လေယာဉ်တွေ ရှေ့မှာ ဒုံးကျဥ်ကာကွယ်ရေး ဗုံးအများအပြား ကြဲချခဲ့ပြီး ကျွန်တော်တို့ရဲ့ မောင်းသူမဲ့ လေယာဉ်တွေကို ပျက်ကျသွားစေရန် တွန်းအားပေးခဲ့ပါတယ်” လို့ အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီး Alex Grinkevich ၏ ပြောကြားချက်များကို ကိုးကားပြီး အဆိုပါ သတင်းဌာနက ထုတ်ပြန်ပြောကြားထားပါတယ်။

ရုရှားလေတပ်၏ Su-35S တိုက်လေယာဥ်များက အမေရိကန် လေတပ် မောင်းသူမဲ့ လေယာဥ်များ၏ လမ်းကြောင်း တစ်လျှောက် အနီးကပ် ပျံသန်းမှုများပြုခဲ့ကြပြီး လမ်းကြောင်း တစ်လျှောက် တောက်ပသော ဒုံးကျဥ်ကာကွယ်ရေး ဗုံးအမျိုးအစား SAB-250-200 လေကြောင်း ဗုံးများ လွှတ်တင်ကြဲချ မှုများကို ပြုလုပ်ခဲ့သည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကလည်း တရားဝင် ထုတ်ပြန် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။