အကြမ်းဖက် KNU အဖွဲ့က ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျောင်း ၃၃ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ခိုင်း

ဇူလိုင် ၆

    ဇူလိုင်လ ၃ ရက်နေ့တွင် လူသတ်အကြမ်းဖက် PDF အေးမင်းထွန်းအဖွဲ့က ကျိုက်ထိုမြို့နယ် အတွင်းရှိ ငှက်ပျောတော၊ချောင်းကွေ့၊ ပိတောက်ကုန်း၊ တဂေးချောင်းဖြား ကျေးရွာများရှိ စာသင် ကျောင်း ၅ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားရန် ခြိမ်းခြောက်သဖြင့် အဆိုပါ စာသင် ကျောင်း ၅ ကျောင်းအား ဇူလိုင်လ ၆ ရက်နေ့မှစ၍ ပိတ်လိုက်ရကြောင်း၊ အဆိုပါ ကျောင်း ၅ ကျောင်းတွင် ကျောင်း သား/သူ ၄၇၀ ဉီး ပညာ သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။

      အလားတူ ယမန်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူ KNU က ဘီလင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်း ၂၈ ကျောင်းကို ပိတ်ထားရန် ခြိမ်းခြောက်သဖြင့် အဆိုပါ စာသင် ကျောင်းများကို ယနေ့မှစတင် ပိတ်လိုက်ရကြောင်း၊ ယင်းစာသင်ကျောင်း ၂၈ ကျောင်းတွင် ကျောင်းသား/သူ ၃၃၃၂ ဉီး ပညာသင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။

      အဆိုပါ ကျောင်း ၃၃ ကျောင်းတွင် ပညာသင်ကြားလျက်ရှိသူအများစုမှာ ဒေသခံ ကရင်လူမျိုးများ ဖြစ်ကြောင်းသိရှိရပါသည်။

#PAN