နိုင်ငံခြားခရီးသွား လေးသိန်းခွဲကျော် ဝင်ရောက်

ဇူလိုင် ၆

     ယခုနှစ် ခြောက်လကျော်အတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွားဧည့်သည် လေးသိန်း ငါးသောင်းကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် အခုနှစ်မှာ တိုးတက်ဝင်ရောက်လာ တယ်လို့လည်း ဆိုပါတယ်။

      မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွားဧည့် သည် ဝင်ရောက်မှုအများဆုံးကတော့ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ မလေးရှား နဲ့ စင်ကာပူနိုင်ငံသားတွေ ဖြစ်တယ်လို့လည်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

     ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရှိတဲ့ ခရီးသွားဧည့်သည်တွေကို e-Visa နဲ့ ဝင်ရောက်ခွင့်ပြုတာ၊ ဗီဇာဖြေ လျှော့ပေးတာ၊ ခရီးစဉ်ဒေသတွေအကြောင်း အွန်လိုင်းကနေ ကြေညာတာ၊ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရပ်ရွာလူထုအခြေပြု ခရီးစဉ်ဒေသ ဖော်ဆောင်ခြင်း နဲ့ သဘာဝအခြေခံ ခရီးစဉ် ဒေသတွေကို ဆက်လက် ဖော်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလက စတင်ပြီး မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပြန်လည် ဖွင့်လှစ်ပြီးနောက် နိုင်ငံခြားသား ခရီးသွားဧည့်သည် နှစ်သိန်း သုံးသောင်းကျော် ဝင်ရောက်ခဲ့တယ် လို့လည်း သိရပါတယ်။

#PAN