မက်ဆီကို အပတ်တိုင်းသွားတွေ့မယ်ဟုဆိုကာ ပွဲတိုင်းအတွက် လက်မှတ်ဝယ်ပြီးပြီဆိုတဲ့ The Rock************************************ဇူလိုင် ၅ ဟောလိ၀ုဒ်နာမည်ကျော်သရုပ်ဆောင်နဲ့ WWE နပမ်းကစားသမားဟောင်းကြီး Dwayne Johnson (The Rock) က သူဟာ လီယွန်နယ်မက်ဆီက အင်တာမိုင်ယာမီအတွက် ကစားပေးမယ့် ပွဲအားလုံးကို သွားရောက်အားပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ The Rock က သူဟာ မက်ဆီရဲ့ အမာခံပရိသတ်ပါလို့လဲ ဝန်ခံလိုက်တာကို Albiceleste News ဆိုတဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ အင်တာမိုင်ယာာမီကို အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိကာ ဇူလိုင်လ ၂၁ ရက်နေ့မှာ အသင်းအတွက် ပထမဆုံးပွဲကို ဝင်ရောက်ကစားပေးဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။