(မှုခင်း) ဇူလိုင် ၂၈
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ တံတားဦးကျေးရွာ အရှေ့ဘက် ငလိုက်ချောင်းရှိ ရေမြောင်းအတွင်း အမျိုးသမီးတစ်ဦး ရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၈ ရက် နံနက်၇ နာရီချိန်ခန့်က ဒေါ်ပုတ်အီး(ခ)မြင့်မြင့်စိန်၊ (ဘ)ဦးမြင့်အောင်၊ ၄၆ နှစ်၊ ၂၁ ကျေးရွာ၊ မင်းကုန်းအုပ်စု၊ ဥတ္တရသီရိမြို့နယ်နေသူသည် အလုပ်သွားရန်အတွက် ငလိုက်ရေမြောင်း၊ အကျယ်၁၅ပေ၊ အနက် ၅ ပေခန့်ရှိ ငလိုက်ချောင်းအားဖြတ်ကူးစဥ် ခြေလျောပြီး ရေနောက်ပါသွားပြီး နံနက်၈နာရီအချိန်တွင် ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသူ ဒေါ်ပုတ်အိး(ခ) မြင့်မြင့်စိန်၏ ရုပ်အလောင်းအား” ဒါနသုခ” ပရဟိတယာဥ်ဖြင့် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN