ရွှေပြည်သာမြိုနယ်၊အလက(၉)ကျောင်းတွင် ” ကျောင်းသားထု သွေးနှင့်ရေးသော ၇ – ၇ – ၁၉၆၂ မမေ့ကြနဲ့ ” စာပါဆိုင်းဘုတ်ကို လူငယ် ၇ ဦးက လာရောက်ကပ်ခဲ့ရာ နှစ်ဦးဖမ်းဆီးရမိ

ဇူလိုင် ၃

    ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ရွှေပြည်သာမြိုနယ် အမှတ်(၁၁)ရပ်ကွက်ရှိ အလက(၉)ကျောင်းအဝင်အနောက် ဘက်တံခါး၌ ” ကျောင်းသားထု သွေးနှင့်ရေးသော ၇ – ၇ – ၁၉၆၂ မမေ့ကြနဲ့ ” စာပါဆိုင်းဘုတ်ကို လူငယ် ၇ ဦးက လာရောက်ကပ်ခဲ့ကြောင်း၊ ထိုသို့လာကပ်သူများကို တာဝန်ရှိသူများက လိုက် လံဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ လိုက်လံဖမ်းတီးရာမှ လူငယ် ၇ ဦးအနက် မောင်ဖြိုးသော်ထွန်း၊ ၁၈ နှစ်၊ (ဘ)ဦးတိုးနိုင်အောင် ၊ ၁၂/ရပသ(နိုင်)၁၃၂၈၉၂၊အမှတ် ၁၄၇(ခ)၊ ဂန္ဓမာလမ်းသွယ်၊အမှတ်(၁၂)ရပ်ကွက် နေသူနှင့် မအိန္ဒြေဦး၊ ၁၈ နှစ်၊ (ဘ)ဦးဝင်းဇော်ဦး၊ ၁၂/ရပသ(နိုင်) ၁၁၀၀၆၀၊ အမှတ် ၇၉၈(က)၊သမာဓိလမ်းသွယ် ၊အမှတ်(၁၈)ရပ်ကွက်နေသူတို့ နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။

       အဆိုပါ ဖမ်းဆီးရမိသူ နှစ်ဦး စစ်ဆေးလျက်ရှိပြီး ကျန်သူ ထွက်ပြေးလွတ်မြောက်သွားသူများကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

#PAN