“ဂျပန်၏ အာမခံမှုဖြင့် ကမ္ဘာ့ဘဏ်က ယူကရိန်းကို ကန်ဒေါ်လာ ၁.၅ဘီလီယံ ထုတ်ချေးပေးခဲ့”

ဇွန် ၃၀

ကမ္ဘာ့ဘဏ်သည် ဂျပန်နိုင်ငံမှ အာမခံမှုပေးထား သော ကန်ဒေါ်လာ ၁.၅ ဘီလီယံ ချေးငွေကို Kiev(ယူကရိန်း) ကို ထောက်ပံ့ပေး ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် (World Bank) ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များသည် ဂျပန်အစိုးရ၏ အာမခံချက်ဖြင့် ယူကရိန်းအား ချေးငွေအနေဖြင့် ကန် ဒေါ်လာ ၁.၅ ဘီလီယံ ပေးအပ်နိုင်ရန် ပြီးခဲ့သည့် ဇွန်လ ၂၉ရက် ကြာသပတေးနေ့တွင် အတည်ပြုဆုံးဖြတ်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

အဆိုပါ အတည်ပြု ဆုံးဖြတ်ချက်များကို ကမ္ဘာ့ဘဏ်က သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေသည့် စာဖြင့် ဖော်ပြထား ပြီးလည်း ဖြစ်ပါတယ်။

“ယူကရိန်းအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ ၁.၅ ဘီလီယံ အတွက် ချေးငွေအသစ်က ၎င်းတို့ နိုင်ငံအတွင်းရှိ အိမ်ထောင်စုမိသားစုများအား အကူအညီပေးရန် ရည်ရွယ်ထားပြီး ရုရှား၏ အထူးစစ်ဆင်ရေး၏ အကျိုးဆက်များကို လျော့ပါးစေရန်ဖြစ်တယ်” လို့ မှတ်ချက်ပြု ထုတ်ပြန်ထား တာလည်း ဖြစ်ပါတယ်။