ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် တရုတ်နိုင်ငံက တွန်းအားပေးဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်လီချန်းပြောကြား

ဇွန် ၃၀

      ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် တရုတ်နိုင်ငံက ခိုင်မာစွာ တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်း က ပြောကြားခဲ့သည်။

     လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသည့် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး နိုင်ငံအဖြစ် ရပ်တည်နေကြောင်း တရုတ်နိုင်ငံ တီယန်ဂျင်းမြို့၌ ကျင်းပသည့် နွေရာသီဒါးဗို့ညီလာခံတွင် ၎င်းက မှတ်ချက်ပြုသည်။
  တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုသီအိုရီသစ်အရ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရွေ့ကို အရှိန်ဖြင့်ဆောင်ရွက်နေပြီး အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုများရရှိရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

        နိုင်ငံအတွင်း ယခုနှစ်၏ ဖွံ့ဖြိုးတိုးတက်မှုလျာထားချက်ကို ငါးရာခိုင်နှုန်းအထိရှိရန် ဆောင်ရွက်နေပြီး ရေရှည်တွင် အဆင့်မြင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည်။

#PAN