တမူးမြို့နယ်၊ပန်းသာကျေးရွာကို လူသတ်အကြမ်းဖက် PDF အဖွဲ့ပေါင်းစုံက

ဇွန် ၂၈

     စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ပန်းသာကျေးရွာကို လူသတ်အကြမ်းဖက် PDF အဖွဲ့ပေါင်းစုံက ပိတ်ဆို့ထားသည်မှာ ဇွန်လ ၁၅ ရက်နေ့မှ  ယနေ့အထိ ၁၄ ၇က်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။

     ထိုသို့ ပိတ်ဆို့ထားမှုကြောင့် ဒဏ်ရာရပြည်သူ့ စစ်များလည်းဆေးမကုသရကြောင်းနှင့်ရွာထဲပိတ်မိနေသော ပြည်သူ ၄၀၀ ခန့်မှာလည်း ကျန်းမာ ရေးနှင့် စားသောက်ရေးအတွက်အခက်အခဲရှိကြောင်း ရွာခံ ပြည်သူများက ဖုန်းဆက် ပြောကြားလာခဲ့ပါသည်။

       ပန်းသာရွာသည် တမူး – ကလေးကားလမ်းဘေး၌ရှိသော်လည်း ကားအသွားအလာလည်းပြတ်တောက်နေသဖြင့် ကုန်ပစ္စည်းများ စျေးနူန်း တက်ကာ ပြည်သူများအခက်အခဲရောက်နေရကြကြောင်း သတင်းရရှိပါသည်။

#PAN