ကလေးမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် “တင့်တိုင်းအောင်” ခရီးသည်ယာဉ်ကို လူသတ်အကြမ်းဖက် PDF များက မိုင်းဆွဲတိုက်ခိုက် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦး မိုင်းစထိမှန် ဒဏ်ရာရ

ဇွန် ၂၈

           ကလေးမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် “တင့်တိုင်းအောင်” ခရီးသည်ယာဉ်တစ်စီး
သည် ခရီသည်များ တင်ဆောင်၍ ထွက်ခွာလာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြစ်ကြီးနား-ရွှေဘိုလမ်း ထနောင်းကိုင်းလေး ကျေးရွာလမ်းဆုံ အရောက်၌ လူသတ်အကြမ်းဖက် PDF များက ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည်။

       အဆိုပါ PDF ပဒက်များ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အမျိုး သား ၃ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း
အပြစ်မဲ့ပြည်သူ ၇ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်းဒဏ်ရာရရှိသူ လူနာများကို ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံသို့ လွဲပြောင်း ကုသရန်အတွက် အဆိုပါခရီးသည်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN