စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုက်ပွဲသတင်းများ

ဇွန် ၂၄

       ယမန်နေ့ ည ၇ နာရီအချိန်ခန့်က ကနီမြို့ပတ်လည်တွင် လူသတ်အကြမ်းဖက်​သောင်း ကျန်းသူ PDF များက ဝိုင်းထားသည်ဟု သတင်း ရရှိပြီး မြို့ပေါ်လုံခြုံရေးအဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် PDF များ ထိခိုက်ဒဏ်ရာရရှိသွားပြီး ရှေ့ဆက်မတိုးကြတော့ကြောင်း၊ ယနေ့တွင်လည်း ဆက်လက်ဝိုင်းထားဆဲဖြစ်ကြောင်း၊ ပြည်သူ့စစ်ရှိသောရေလယ်ကျွန်းရွာနှင့် တစ်ချိန်တည်းတိုက်ခိုက်ကြမည်ဟုလည်းသတင်းများ ထွက်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်။

      အလားတူ တမူးမြို့မြောက်ဘက် မစိန်ဘုန်းကြီးကျောင်း ၊နဂါးမင်းသမီးရေကန်အနီးရှိ တပ်မတော် လုံခြုံ ရေးအဖွဲ့ကို လူသတ်အကြမ်း ဖက်​သောင်းကျန်း သူ PDF များက ယနေ့ နံနက် ၅ နာရီအချိန်မှစ၍ လာရောက်ပစ်ခတ်သဖြင့် နံနက် ၁၁ နာရီထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရပါသည်။

        အလားတူ ရွှေဘိုမြို့နယ်၊ အမှတ်(၆)ရပ် ကွက်၊သာယာကုန်းအုပ်စု၌ ယနေ့ နံနက် ၁၀ နာရီခွဲမှစ၍ တပ်မ တော်လုံခြုံရေးအဖွဲ့နှင့် အကြမ်းဖက်သောင်း ကျန်းသူ PDFများ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း၊ ရပ်ကွက်နေပြည်သူများ မြို့တွင်းသို့ ပြေးဝင်လာကြကြောင်း၊ရွှေဘိုမြို့နယ်အနီးကျေး ရွာများမှ အကြမ်းဖက်သောင်းကျန်း သူ PDF များ အင်အားများစွာဖြင့် လာရောက်တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN