ချမ်းမြသာစည်မြို့နယ်ရှိ ရာအိမ်မှူး သားအဖနှစ်ဦးကို အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်

ဇွန် ၂၄

      ယမန်နေ့ ည ၉ နာရီ ၁၀ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက်၊အကွက်(၅၀၀)၊၁၀၅(အေ)လမ်း၊၈၄×၈၅ လမ်းကြားနေသူ ရာအိမ်မှုး ဦးမြတ်ထူး၊၅၆နှစ်၊(ဘ)ဦးအေးမောင်နှင့်မောင်ရဲမြင့်မိုရ်ထူး၊၂၁နှစ်၊(ဘ)ဦးမြတ်ထူးတို့ သားပဖနှစ်ဦးသည် အလုပ်ကိစ္စဖြင့် ဒေါနခြံရပ်ကွက်မှ ဆိုင်ကယ်ဖြင့်ပြန်လာရာ နေအိမ်ရှေ့အရောက်တွင် အရှေ့မှအနောက်သို့ လူသတ်အကြမ်းဖက် PDF ၂ ဦးစီးနင်းလာသည့် ဆိုင်ကယ် ၁ စီးပေါ်မှ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ပါသည်။

     သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးမြတ်ထူးတွင် ဦးခေါင်းသေနတ်ထိမှန်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)နှင့်မောင်ရဲမြင့်မိုရ်ထူးတွင် နောက်ကျောမှဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဥ် ဦးမြတ်ထူးမှာ ည ၉ နာရီ ၄၅ မီးနစ်အချိန်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

     သေဆုံးသူ ဦးမြတ်ထူးသည် တာဝန်ကို တက်ကြွစွာ ဆောင်ရွက်တတ်သည့် ရာအိမ်မှုးတစ်ဦးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာများနှင့် ရင်းနှီးစွာ ပေါင်းသင်းနေထိုင်သူဖြစ်ကြောင်း၊
အုပ်ချုပ်ရေးယန္တရား လည်ပတ်နိူင်ခြင်းမရှိစေရန်နှင့် အခြားရာအိမ်မှုးများ ကြောက်ရွံ့ပြီး နှုတ် ထွက်ကြစေရန် ရည်ရွယ်ပြီး အကြမ်းဖက်သမားများက ယခုကဲ့သို့ သတ်ဖြတ်ခြင်း ဖြစ်နိူင်ကြောင်း တစ်ရပ်ကွက်တည်းနေသူ ပြည်သူများထံမှ ​ကြားသိရပါသည်။

#PAN