နွားထိုးကြီးမြို့နယ်တွင် သာမန်ပြည်သူတစ်ဦးကို စိစစ်ဆဲ အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ပြီး ဖုန်း နှစ်လုံးနှင့် ငွေကျပ် ၁ သိန်း ယူဆောင်သွား

ဇွန် ၂၃

       ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ တာပါယ်အုပ်စု၊ သဲတောကန်ကျေးရွာနေသူ ဦးအောင်ကျော်ဦး (ခ)အောင်မျိုး၊ အသက်(၄၆)နှစ်၊(ဘ) ဦးဖိုးချို၊ ဗမာ/ဗုဒ္ဓ၊ မပတ-မမှတ်မိ၊ကျပန်း သည် ၎င်း၏နေအိမ်မှ ဆိုင်ကယ်ဖြင့် ဆုံကုန်းကျေးရွာသို့ အလုပ်ဖြင့်သွားရန် ထွက်ခွာသွားပြီး မိုးချုပ်သည်အထိပြန်မလာသဖြင့် လိုက်လံရှာဖွေခဲ့ရာ သဲတောကန်ကျေးရွာ ရွာထိပ်အထွက်တွင် ဝဲဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဦးခေါင်းပွင့်ထွက်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

     သေဆုံးသူ ဦးအောင်ကျော်ဦး (ခ)အောင်မျိုး သည် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ကြောင်း၊ ၎င်းကို သတ်ဖြတ်သူများမှာ PDF အမည်ခံ လူသတ်အကြမ်း ဖက်သမားများသာဖြစ်ကြောင်း ဒေသခံရွာသားများ၏ ပြောကြားချက်အရ သိရှိရပါသည်။

လူသတ်တရားခံ အကြမ်းဖက် PDF များက သေဆုံးသူ ဦးအောင်ကျော်ဦး (ခ)အောင်မျိုးထံမှ Redmi(အနက်) ၁ လုံး၊ oppo(အဖြူ) ၁ လုံး နှင့် ငွေကျပ် ၁ သိန်းတို့ကို ယူဆောင်သွားကြောင်း၊အခင်းဖြစ်ပွားရာ အနီးဝန်းကျင်မှ M-22. ကျည်ခွံ ၁ ခုကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း၊သေဆုံးသူ၏အလောင်းကို နွားထိုးကြီမြို့နယ်ပြည်သူ့ ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး နယ်မြေခံလုံခြုံရေးအဖွဲ့က လိုက်လံစုံစမ်းရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း နှင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN