မြင်းခြံမြိုနယ်၊ ယုံထိုးကျေးရွာတွင်လုံခြုံရေးတပ်ဖွဲဝင်များ နယ်မြေရှင်းလင်းစဥ် PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား၊အကြမ်းဖက် PDF အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိ

ဇွန် ၂၁

       ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင်  လုံခြုံရေးတပ်ဖွဲဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ရန် ထွက်ခွာလာခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ယုံထိုးကျေးရွာ အနောက်ဘက်သို ရောက်ရှိစဉ် အရပ်ဝတ်များ ဝတ်ထားသော PDF အမည်ခံ လူသတ်အကြမ်း ဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်သည် ယုန်ထိုးကျေး ရွာအတွင်းမှ ထွက်ခွာလာစဉ် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြပါသည်။

    လူသတ်အကြမ်းဖက် PDF အဖွဲမှ အင်အား ၆ ဦးခန့် သည် ယုန်ထိုးကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့ပြီး အကြမ်းဖက်အဖွဲထံမှ (စိစစ်ဆဲ) ကျား အလောင်း ၄ လောင်းနှင့် M-79 ဗုံးပစ်လောင်ချာ ၁ လက်၊M-22 ၁ လက်၊ကျည်အိမ် ၁ ခု၊၅.၅၆ ကျည်၁၅ တောင့်၊၄၀ မ ဗုံးသီး ၂ လုံး၊လွယ်ကြိုး ၂  ချောင်း တိုအား သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN