“ဗီယက်နမ် ၊မြန်မာနှင့် အရှေ့တောင်အရှနိုင်ငံများကို ဘာကြောင့် အနောက်နိုင်ငံတွေက အကြမ်းဖက် ဆေးဝါးမှိုင်းတွေ တိုက်နေရတာလည်း”

ဇွန် ၂၁

အမေရိကန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့၏ နှစ်နိုင်ငံ တင်းမာမှုများ တိုးလာတာနဲ့အမျှ အမေရိကန် ဟာ တရုတ် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုများ၊ ကုန်သွယ်မှုများ နဲ့ ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် တရုတ်နိုင်ငံ ရဲ့ နယ်နိမိတ် တလျှောက်ရှိ ဒေသတွေမှာ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တွေ့ပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူး ဆိုတာ သိသာထင်ရှားလာတာနဲ့အမျှ အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံ၏ ပထဝီဝင် ဒေသများတွင် အချိုးမညီတဲ့နိုင်ငံများ ဘက်ကို ပိုတိုးပြီး အကြမ်းဖက်မှု ဆိုင်ရာ ဆေးဝါး မှိုင်းတိုက်မှုတွေပိုတိုးလို့လုပ်ဆောင်လာနေတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံနှင့်ထိစပ် နေသော နိုင်ငံများတွင် အမေရိကန် နိုင်ငံက နိုင်ငံရေးအရ အကျပ်ကိုင် မှုများ၊ အဖျက်အမှောင့်လုပ်ငန်းများ နှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် ပါဝင် လှုပ်ရှားလာနေတာလည်းဖြစ်ပါတယ်။

အထူးသဖြင့် အမေရိကန်နိုင်ငံ နှင့် တရုတ်နိုင်ငံ တို့၏ နှစ်နိုင်ငံတင်းမာလာမှုများ ပိုမို အရှိန်မြင့် မားလာ မှုကြောင့် အရှေ့တောင် အာရှဒေသများ တွင် အမေရိကန်၏ စစ်ရေး ရန်လိုမှုများ နှင့် နိုင်ငံရေး အဖျက်အမှောင့်များ လိုလားလာ မှုသည် ဆယ်စုနှစ်များစွာ ရှည်လျားကြာ မြင့်လာခဲ့ပြီလည်းဖြစ်ပါတယ်။

ဗီယက်နမ်စစ်ပွဲ နှင့် လာအို၊ ကမ္ဘောဒီးယားပြည်တွင်းစစ်များ နှင့် ၂၀ ရာစု အတွင်း ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဆက်စပ်ပဋိပက္ခများအပြင် မကြာသေးမီက တည်ထောင်ခဲ့သည့် “Milk Tea Alliance” မဟာမိတ်အဖွဲ့တို့သည် အမေရိကန် နိုင်ငံမှ ကျောထောက်နောက်ခံ အနေ​ဖြင့် ကူညီ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံနှင့် ထိစပ်နေသော နိုင်ငံများတွင် အတိုက်အခံ အုပ်စုများ ပိုမိုစုစည်းလာစေရန် ရည်ရွယ်ချက် ရှိရှိ ကျောထောက် နောက်ခံပြု ပေးခဲ့တာ လည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ထောက်ပံ့ပေးနေသော အဆိုပါ မဟာမိတ်အဖွဲ့ လို့ ခေါ်တွင်သည့် အတိုက်အခံအဖွဲ့များ နှင့် အနောက်တိုင်း မီဒီယာတို့သည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဟောင်ကောင်နိုင်ငံတို့အတွင်း အတိုက်ခံ အုပ်စုများလည်း ပါဝင်နေတာဖြစ်ပြီး အမေရိကန်က ကျယ်ကျယ် ပြန့်ပြန့် ပံ့ပိုးမြှင့်တင်ပေးနေတာလည်းဖြစ်ပါတယ်။

အဆိုပါ အဖွဲ့အစည်းများ၏ ရည်ရွယ်ချက် မှာ အာရှတိုက်အတွင်း အနောက်တိုင်း နိုင်ငံရေး ရည်မှန်းချက် နှစ်ခုစလုံးကို မြှင့်တင်ရန်နှင့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက် များကို ပိုမိုမြှင့်တင်ရန်အတွက် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးပမ်းနေကြတာဖြစ်ပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဟောင်ကောင်နိုင်ငံတို့မှ အများပြည်သူများ သေစေနိုင်သော အကြမ်းဖက်မှု အစီအစဥ်များကို ထည့်သွင်း ရေဆွဲထားကြတာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ သည် အရှေ့တောင်အာရှတိုက် ရှိ အတိုက်အခံအဖွဲ့များကို ဖန်တီးနိုင်ရန် ကြိုးပမ်းခဲ့ကြပြီး အောင်မြင်မှုများကို မီဒီယာကြိီးများဖော်ပြမှု နည်းပါးသောကြောင့် ၎င်းတို့အဖွဲ့အစည်းကြီး၏ အကြမ်းဖက်မှု ခေါင်းကြီးပိုင်းများကို ယေဘုယျ အားဖြင့် လူတွေ သိရှိနိုင်ရန်အလွန် နည်းပါး နေကြတာ ဖြစ်ပါတယ်လို့ သတင်းဌာနအချို့က ဖော်ပြပြော ဆိုထား ကြပါတယ်။