“ပြင်သစ် သမ္မတ မက်ခရွန် က လာမည့် သြဂုတ်လတွင် ကျင်းပမည့် BRICS အစည်း အဝေးပွဲကြီးတွင် ပါဝင်တတ်ရောက်နိုင်ရန်ကြိုး စားနေ”

ဇွန် ၂၁

တောင်အာဖရိကနိုင်ငံတွင်ကျင်းပပြုလုပ်မည့် BRICS အဖွဲ့အစည်းကြီး၏ ထိပ်သီး အစည်းအဝေး သို့ ပြင်သစ်သမ္မတ မက်ခရွန် က တက်ရောက်နိုင်ရန် ရည်ရွယ်ထားတယ်လို့ Paris(ပြင်သစ်) ကပြီးခဲ့သည့်ဇွန်လ ၁၉ရက်နေ့က အတည်ပြုခဲ့ တာဖြစ် ပါတယ်။

ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးက သမ္မတ မက်ခရွန်၏ တောင်အာဖရိက ခရီးစဥ်ကို အတည်ပြုကြောင်း ပြောကြားခဲ့တာဖြစ်ပြီး တောင်အာဖရိကနိုင်ငံ သမ္မတ က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် လာမည့် သြဂုတ်လတွင်ကျင်းပမည့် BRICS အဖွဲ့အစည်းကြီး၏ အစည်းအဝေးကို ဖိတ်ကြား ထားတာလည်း ဖြစ်တယ်လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

​ရုရှားနိုင်ငံကတော့ ပြင်သစ်သမ္မတ မက်ခရွန် ၏ BRICS ထိပ်သီးအစည်းအဝေးတွင် တတ်ရောက်ရသည့် အကြောင်းအရင်း နှင့် ဖြစ်နိုင်ခြေရှိသော ပူးပေါင်းပါဝင်မှု အခြေအနေများ ကို ရှင်းလင်းပြောကြားရန် ပြင်သစ်နိုင်ငံအား တောင်းဆိုခဲ့ပြီး အဆိုပါ တောင်းဆိုမှုသည် အနောက်နိုင်ငံ နိုင်ငံ့ခေါင်း ဆောင် များအတွင်း ပထမဆုံး ရုရှားနိုင်ငံမှ တောင်းဆိုမှုကိုရရှိလာခဲ့သူလည်းဖြစ်လာခဲ့ပါတယ်။

ရုရှားနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြင်သစ်၏ ရုတ်တရက် ဖြစ်ပေါ်လာသော BRICS အဖွဲ့အစည်းကြီး၏ အစည်းအဝေးပွဲသို့ လာရောက်လိုသော ဆန္ဒသည် အဘယ်ကြောင့် ဖြစ်ပေါ်လာ သည်ကို သိရှိလိုကြောင်း ရှင်းပြဖို့ တောင်းဆိုထားတာဖြစ် ပါတယ်။

“ပဲရစ်(ပြင်သစ်) ရဲ့ ရည်ရွယ်ချက်ကို သိရဖို့အတွက် အဆက်အသွယ် တစ်မျိုးမျိုး ထပ်ပြီး ထူထောင်ချင်ပါတယ်။ သူတို့ ကိုယ်တိုင် တရားဝင်ထုတ်ပြန်စေချင်ပါတယ်​” လို့ရုရှားနိုင်ငံတွင် ပြုလုပ် ကျင်းပခဲ့သည့် သတင်းစားရှင်းလင်းပွဲတွင် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ Maria Zakharova က​ပြီးခဲ့သည့် ဇွန်လ ၂၀ရက်နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်လို့ သတင်း ဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။