“မိုခါ” မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်မှ အလှူငွေ ပေးအပ်လှူဒါန်း

ဇွန် ၂၀

       ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Cheol Hong Huh က လှူဒါန်းငွေ ကိုရီးယားဝမ် ၅,၀၀၀,၀၀၀ (ကိုရီးယားဝမ် ငါးသန်းတိတိ) အား ၂၀-၆-၂၀၂၃ ရက်၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်၍ ပေးအပ်လှူဒါန်း ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အလှူငွေများကို လက်ခံခဲ့ပါသည်။

       ထို့နောက် သံအမတ်ကြီး ဦးသန့်စင်က မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို ရှင်းလင်း ပြောကြားကာ အခုကဲ့သို့ မုန်တိုင်းသင့်ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အတွက် မြန်မာအစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျေးဇူးတင်လွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#PAN