“BRICS အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင်တိုးချဲ့နိုင်ရေး ဆွေးနွေးမှုများကို လာမည့် သြဂုတ်လတွင် ကျင်းပပြုလုပ်ဖွယ်ရှိနေ”

ဇွန် ၁၉

BRICS အဖွဲ့ဝင်များသည် လာမည့် ဩဂုတ်လတွင် BRICS အဖွဲ့အစည်းကြီး၏ အလားအလာများ တိုးချဲ့နိုင်ရန် အတွက် ဆွေးနွေးမှုများ ပြုလုပ် သွားမှာဖြစ်တယ်လို့ Kremlin(ရုရှား)နိုင်ငံ က တရားဝင် ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်​။

BRICS အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင် တိုးချဲ့နိုင်ရေး ခေါင်းစဉ် ဆွေးနွေးပွဲသည်လည်း လာမည့် ဩဂုတ်လတွင် ကျင်းပပြုလုပ်မိ အဆိုပါ BRICS ထိပ်သီးအစည်းအဝေးကြီး၏ အစီအစဉ်တွင် ပါဝင်သွားမှာလည်း ဖြစ်ကြောင်း Kremlin (ရုရှား) ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြီးခဲ့သည့် ၁၇ရက်နေ့တွင် ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

“သြဂုတ်လကုန်မှာ ကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးကို ကျနော်တို့ စောင့်မျှော်နေကြပါတယ်။ ပြီးတော့ BRICS အဖွဲ့အစည်းကြီးကို ပိုမိုတိုးချဲ့ထွင်မှု ခေါင်းစဉ်ကြီးက အစီအစဉ်တကျ ဖြစ်လာမှာပါ” လို့ Peskov က ပြောကြားခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံကလည်း အဆိုပါ ကိစ္စအပေါ် နိုင်ငံများက ပိုမိုစိတ်ပါဝင်စားလာမှု ပြသလာသည့် အတွက် ဝမ်းမြောက်မိကြောင်း ထပ်လောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

” BRICS အဖွဲ့အစည်းကြီးဝင်ရောက်နိုင်ရန် အလားအလာရှိနေသော ကိုယ်စားလှယ် နိုင်ငံများအနေဖြင့် အာဂျင်တီးနားနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ အီရန်နိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ အယ်လ်ဂျီးရီးယားနိုင်ငံ နှင့် တူရကီနိုင်ငံတို့ ဖြစ်ကြပြီး မဆိုပါ နိုင်ငံများသည် လွန်ခဲ့သည့်လများစွာ နှင့် နှစ်များ အတွင်း BRICS အဖွဲ့အစည်းကြီးတွင် ပါဝင်နိုင်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ ကြတာ လည်းဖြစ်တယ်လို့ သတင်းဌာနများ ကဖော်​ပြပြော ဆိုထားကြပါတယ်။