“နီပေါနိုင်ငံတွင်မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ မြေပြိုမှုများ ဖြစ်ပေါ်နေပြီး လူအများအပြား ပျောက်ဆုံးနေ”

ဇွန် ၁၉

နီပေါနိုင်ငံ၏အရှေ့ဘက်ပိုင်းတွင် မုတ်သုံမိုး ပြင်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ​လူ ၅ ဦးသေဆုံးကာ လူ အများအပြားပျောက်ဆုံးနေကြောင်း နီပေါနိုင်ငံ၏ တာဝန်ရှိသူများက ယနေ့ ဇွန်လ ၁၉ရက်နေ့တွင် တရားဝင် ထုတ်ပြန် ပြောကြားခဲ့ တာလည်း ဖြစ်ပါတယ်။

နီပေါနိုင်ငံ Taplejung ဒေသအတွင်း ရေကြီးရေလျှံမှုများ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူ နေအိမ်များ ပြိုကျမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ရပြီး အဆိုပါ ဒေသ၏ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ် စီမံကိန်းတွင်ရှိသော ဝန်ထမ်း၂ဦး လည်း သေဆုံးနေကြသည်ကို တွေ့ရှိခဲ့ရကြောင်း နိီပေါ ဒေသတွင်းရှိ မီဒီယာများက ဖော်ပြပြော ဆိုခဲ့ကြပါတယ်။

“ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ထားပါတယ်” လို့ နီပေါနိုင်ငံ၏ သဘာဝဘေး ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားထားပါတယ်။

ထို့နောက် အဆိုပါ မီဒီယာများက နီပေါနိုင်ငံတွင် ရေကြီးရေလျှံမှုများ မြေပြိုမှုများ ကြောင့် လူ အများအပြား ပျောက်ဆုံးနေရကြောင်းကိုလည်း ထပ်လောင်း ပြောကြားဖော်ပြထားပါသေးတယ်။