တမူးမြို့နယ်၊ ပန်းသာပြည်သူ့စစ်ရွာကို အကြမ်း ဖက်သောင်းကျန်းသူ PDF အဖွဲ့ပေါင်းစုံက သာလွန်အင်အား​ဖြင့် ဝိုင်းထားပြီး မဖြစ်မနေသိမ်းမည်ဟုကြုံးဝါး

ဇွန် ၁၈

    ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ပန်းသာရွာတောင်ဘက်ခြမ်းတွင် အခြေပြုထားသော အကြမ်းဖက်သောင်းကျန်းသူ PDF အချို့သည် ရွာ၏မြောက်ဘက်စာသင်ကျောင်းကို ခြေကုတ်ယူရန်တက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် ည ၁၀ နာရီခန့်တွင်လေယာဥ်ဖြင့် ဗုံး ၂ လုံးကြဲသွားကြောင်း သိရှိရပါသည်။

     သို့သော် အကြမ်းဖက်သောင်းကျန်းသူ PDF များက ပန်းသာရွာတောင်ဘက်ခြမ်း၊ အင်ဒိုင်းရွာ၊မန်မော်ရွာထဲတွင် ရှိနေသဖြင့် ထိခိုက်မှုရှိ/မရှိ ကို မသိရသေးကြောင်း၊ ထိုသို့ ဝိုင်းထားသည်မှာ ယနေ့ထိ ၅ရက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါ သည်။

       ပန်းသာရွာမှာ ပြည်သူ့စစ်ရွာဖြစ်သဖြင့် မဖြစ်မနေသိမ်းမည်ဟုကြုံးဝါးထားကြောင်း၊ ရွာကို ဝိုင်းထားသော အကြမ်းဖက်အဖွဲ့များမှာ ABSDF၊ တမူးခရိုင် PDF တပ်ရင်း၊ KIA၊ တမူး PDF တပ်ရင်း ၄/ ၃၊ ကူကီးချင်းတပ်ရင်း၊ ချင်းCDF စသည့် အဖွဲ့ပေါင်းစုံပါဝင်ကြကြောင်း၊ လိုအပ်လျှင်မော်လိုက်၊ ကလေးဘက်ခြမ်းမှ PDF များပါလာရောက်ပူးပေါင်းနိုင်ကြောင်း သတင်းရရှိပါသည်။

#PAN