မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဝါယာရှော့ခ်ဖြစ်ပွားခြင်းကြောင့် မီးလောင်မှုဖြစ်ပွား

ဇွန် ၁၈

     ယနေ့ ညနေ ၆ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ် ၊ကန်နောက်ရပ်ကွက်၊မြန်မာ့ဂုဏ်ရည်လမ်း အထက်ပန်းဆိုးတန်းလမ်းနှင့် ၈၇ လမ်း ကြား အမှတ်၁၇၆/၁၇၈(၈)လွှာတွင် မီး လောင်မှုဖြစ်ပွားကြောင်းသတင်းအရ မီးလောင်မှုမှာ level 1 အဆင့်သတ်မှတ်ပြီး မီးသတ်ကား  ၁၁ စီးရေသယ်ကား ၁ စီးဖြင့် ညနေ ၆ နာရီ ၂၀ မီးနစ်အချိန်ရောက်ရှိမီးငြိမ်းသတ်ခဲ့ပြီး ညနေ ၆ နာရီ ၂၅ မီးနစ်အချိန်မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၄၀ မီးနစ်အချိန်မီးငြိမ်းသွားကြောင်း သိရပါသည်။

       မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း နှင့် မီးစတင်လောင်သည့်နေအိမ်တွင် ဒေါ်ချို ဆိုသည့်အသက်ကြီး အမျိုးသမီးတစ် ဦးသာရှိပြီး ဝါယာရှော့ခ်ဖြစ်ပွားခြင်းကြောင့် မီးလောင်မှုဖြစ်ပွားရကြောင်း သတင်ရရှိပါသည်။

#PAN