“အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အသစ်များ ချမှတ်နိုင်ရန် အမေရိကန် အစိုးရ နှင့် ဆွေးနွေးမှုများပြုလုပ်နေ”

ဇွန် ၁၄

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဘေဂျင်း(တရုတ်) နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်နိုင် ခြေရှိသည် များကို အမေရိကန်အုပ်ချုပ်ရေး အစိုးရ နှင့် အတူတကွ ဆွေးနွေးမှုများပြုလုပ်နေ ပါတယ်လို့ ပြီးခဲ့သည့် ဇွန်လ ၁၃ရက် အင်္ဂါနေ့က ပြုလုပ်ခဲ့သည့်အမေရိကန် အောက်လွှတ်တော် ၏ဘဏ္ဍာ ရေးဝန်ဆောင်မှု ကော်မတီအစည်း အဝေးကြားနာမှုတွင်အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီး Janet Yellen ကကြေငြာခဲ့တာဖြစ်ပါတယ်။

ထို့နောက် အမေရိကန်ပြည်ထောင်စု နှင့် ၎င်းတို့၏ မဟာမိတ်များ မိတ်ဖက်များသည် ရုရှား – ယူကရိန်း ပဋိပက္ခအပြီးတွင် ယူကရိန်းနိုင်ငံကို ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ရုရှားနိုင်ငံ၏ အစီအစဥ်များ နှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင် မှုများကို မည်သို့အသုံးချသွားမည် ဆိုတာကိုလည်း စောင့်ကြည့်လေ့လာသွားမှာဖြစ်တယ်လို့ အဆိုပါ အမေရိကန် အောက်လွှတ်တော် ၏ဘဏ္ဍာရေး ဝန်ဆောင်မှု ကော်မတီ ကြားနာမှုတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellenက ကြေငြာခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြ ပြောဆိုနေကြပါတယ်။