ရေတာရှည်မြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကူးတံတားလုံခြုံရေးအဖွဲ့ကို အကြမ်းဖက်သောင်း ကျန်းသူ PDF က ဗုံးခွဲတိုက်ခိုက်

မေ ၁၄

   ယနေ့ ညနေ ၅ နာရီ ၅၀ မီးနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊သာဂရကျေးရွာအုပ်စုနှင့် ကြာအင်းကုန်းကျေးရွာအုပ်စု ၊ငှက်ပျောတောကျေးရွာသို့ ဆက်သွယ်ထားသော ကိုယ်ထူကိုယ်ထအခမဲ့ စစ်တောင်းမြစ်ကူးတံတားတွင် လုံခြုံရေးတာဝန်ယူဆောင်ရွက်နေသော နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့တို့ကို ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦး စီးနင်းလာပြီး ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

        အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးသည် အခင်း ဖြစ်နေရာတွင် ၎င်းတို့ပါလာသော ဗုံးပေါက်ကွဲသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊လုံခြုံရေးတာဝန်ယူဆောင်ရွက်နေသော တပ်မတော်သား ၁ ဦး၏ ဦးခေါင်းမိုင်းစထိမှန် (စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

     ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာ သေဆုံးသူမှာ သာဂရကျေးရွာအုပ်စု ငါးခုံးမချောင်းအရှေ့ ရာအိမ်မှူး ဦးအောင်ရဲသူ၊၃၂နှစ်၊(ဘ)ဦးမြညွန့်၊ ဖြစ်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ ဘိလပ်မြေအိတ်သယ်ရန်ဆိုင်ကယ် ကယ်ရီလာရောက်ငှားရမ်းသဖြင့် ကယ်ရီလိုက်ခဲ့ကြောင်း၊ အခမဲ့ကိုယ်ထူကိုယ်ထစစ်တောင်းမြစ်ကူးတံတားပေါ်အရောက်တွင် ဆိုင်ကယ်ကို ရပ်ပြီး လမ်း လျှောက်ဖြတ်သန်းစဥ် ဆိုင်ကယ်ငှားရမ်းသူ လူသတ်အကြမ်းဖက် PDF ဖြစ်သူက အရှေ့မှ သွားကြောင်း၊ ၎င်းနောက် ဘိလပ်မြေအိတ်အတွင်း ထည့်ထားသောမိုင်းအား ရီမုဖြင့်မိုင်းဖောက်ခွဲခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

    ရေတာရှည်မြို့နယ်သည် နေပြည်တော်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ် အကြားတွင် တည်ရှိကြောင်း၊ ၎င်းမြို့နယ်တွင် အကြမ်းဖက် PDF များ အမြစ်ပြတ်ရှင်းလင်းသင့်ကြောင်း ဒေခံပြည်သူများက လိုလားလျှက်ရှိကြောင်း သိရပါသည်။

#PAN