နွားထိုးကြီးမြို့နယ် အမဲသားလှည့်လည်ရောင်းသည့် စျေးသည်အမျိုးသမီးတစ်ဦးကို ၄နှစ်အရွယ် သမီးရှေ့တွင် လူသတ်အကြမ်းဖက် PDF များက သတ်ဖြတ်

မေ ၁၄

   ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ သူစိုးကျေးရွာ၏ ရွာလယ်လမ်းမပေါ်တွင် မခင်ယုယုနွယ်(ခ)ရှမ်းမ၊ ၂၉ နှစ်၊(ဘ) ဦးသန်းညွန့်၊ဈေး ရောင်း၊ မြင်းနီကျေးရွာ၊ နွားထိုးကြီးမြို့နယ်နေသူ ကို အမည်မသိ လူသတ်အကြမ်းဖက် PDF ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

     ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် မခင်ယုယုနွယ်(ခ)ရှမ်းမ တွင် ဦးခေါင်းယာဘက်ဂျိုစောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းထိပ်ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင်သေဆုံးခဲ့ကြောင်း အခင်းဖြစ်နေရာ အနီးတွင် 9 MM IUGER ကျည်ခွံ ၁ ခုကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ပြီး သေဆုံးသူအလောင်းကို နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

     ဖြစ်စဉ်မှာ သေဆုံးသူ မခင်ယုယုနွယ်(ခ)ရှမ်းမ သည် သမီးဖြစ်သူ သဲဖြူစင်အောင်၊ ၄ နှစ်၊ (ဘ)ဦးဝင်းနိုင်အောင်၊ မှီခို နှင့်အတူ ရှေ့/နောက် နံပါတ်မပါ FEELING 110 ဆိုင်ကယ်အနက် ရောင်ဖြင့် မြင်းနီကျေးရွာမှ အမဲသားများလိုက်လံရောင်းချစဉ် အခင်းဖြစ်နေရာအရောက်တွင် လုသတ်အကြမ်းဖက်သမား PDF ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်လာ၍ ပစ်ခတ်ခဲ့ပြီး
မန်လည်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ မခင်ယုယုနွယ်(ခ)ရှမ်းမ မှာ သာမန်ပြည်သူတစ်ဦးသာဖြစ်ပြီး မည်သည့်အတွက်ကြောင့် သတ်ဖြတ်ရသည်ကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

   တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် ယခုကဲ့သို့ သာမန်ပြည်သူအရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်နေကြကြောင်း သိရှိရပါသည်။

#PAN