ချောင်းဦးမြို့နယ်၊ ကံဇီးကျေးရွာရှိ ကျေးရွာသူ၊ ရွာသား ၁၂ ဦးကို PDF အမည်ခံ လူသတ်အကြမ်းဖက်များက ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

မေ ၁၄

   စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံဇီးကျေးရွာရှိ ကျေးရွာသူ၊ ရွာသား ၁၂ ဦးကို PDF အမည်ခံ လူသတ်အကြမ်းဖက်များက ယမန်နေ့  နံနက် ၉ နာရီအချိန်ခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းရွာသူ၊ ရွာသားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြကြကြောင်း သိရှိရပါတယ်။

    ကျေးရွာ အပြင်ဘက်တွင် နေထိုင်ကြသော ဦးမြင့်မောင်၊၆၅ နှစ်(မိဘ – ဦးဖိုးမှန် + ဒေါ်တွေး)၊ ဦးဖိုးသဲ၊၂၆ နှစ်၊ ဒေါ်ဆိတ်ပို၊၂၇ နှစ်(မိဘ – ဦးမြင့်မောင် + ဒေါ်သန်းအေး)၊ မောင်ဖိုးဆင်၊၂ နှစ် (မိဘ – ဦးဖိုးသဲ + ဒေါ်ဆိတ်ပို)၊ မဖြိုးဖြိုး၊၁၈ နှစ်
(မိဘ – ဦးလင်း + ဒေါ်ဆန်းကြည်)၊ မအေးမော်၊၁၆ နှစ်(မိဘ – ဦးလင်း + ဒေါ်ဆန်းကြည်)၊ မောင်နိူင်၊၂၃ နှစ်(မိဘ – ဦးလင်း + ဒေါ်ဆန်းကြည်)၊မသဲစုလှိုင်၊၁၈ နှစ်(မိဘ – ဦးမျိုး + ဒေါ်ဇင်မာဝင်း)
တို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး အိမ်များကို မီးရှို့သွားကြပါတယ်။

       အလားတူ ကျေးရွာအတွင်းနေထိုင်ပြီး နွား ကျောင်းသွားသော ပြည်ခိုင်ဖြိုးပါတီဝင် ၃ ဦးနှင့် ကလေးငယ် တစ်ဦးဖြစ်ကြသော ဦးလှငွေ ၊၅၀ နှစ်(မိဘ – ဦးဌေးပု + ဒေါ်လှထွေး)၊ ဒေါ်ချို ၄၁ နှစ်၊(မိဘ – ဦးဌေးပု + ဒေါ်လှထွေး)၊ ဒေါ်သီနွယ် ၃၉ နှစ်(မိဘ – ဦးလှရွှေ + ဒေါ်ရွှေ)၊ မောင်အောင်မျိုးခန့်၊၁၄ နှစ်(မိဘ – ဦးငြိမ်းခင် + ဒေါ်ကျံပို)တို့ကိုလည်း မတရားအနိုင်ကျင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။

       အကြမ်းဖက် PDF များ၏ နေအိမ်များကို မီးရှိုမှုကြောင့် ရွာအပြင်ဘက်၌ မီးလောင်နေကြောင်း သိရှိရ၍ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က သွားရောက် ရှင်းလင်းရန် ထွက်လာစဥ်  ရဲတပ်ဖွဲ့ဝင်တစ်ဦး မိုင်းနင်းမိကျဆုံးသွားခဲ့ကြောင်း၊ အရပ်သားတစ်ဦးဖြစ်သူ ဦးနန်းဝင်းဆန်း၊၄၃ နှစ် ၊(ဘ) ဦးဆန်းမောင် မိုင်းစ ထိမှန် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့​ကြောင်းနှင့် အဖမ်းခံရသူများအတွက် မိသားစုဝင်များက အသက်အန္တရာယ် စိုးရိမ်နေကြကြောင်း သတင်းရရှိပါသည်။

#PAN