“ရုရှား – အယ်လ်ဂျီးရီးယား နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီမှုများ ပြုလုပ်နိုင်ရန် အယ်လ်ဂျီးရီးယား သမ္မတ မော်စကိုသို့ ရောက်ရှိလာ”

ဇွန် ၁၃

အယ်လ်ဂျီးရီးယားနိုင်ငံ၏ သမ္မတ သည် ယနေ့ အင်္ဂါနေ့တွင်ရုရှားနိုင်ငံ မော်စကိုမြို့သို့ ၃ရက်ကြာ တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။

ရုရှား – အယ်လ်ဂျီးရီးယား နှစ်နိုင်ငံ ဆက်ဆံရေးများ ပိုမိုအားကောင်းလာစေရန် နှင့် နှစ်နိုင်ငံ သဘောတူညီ ချက်များကို လက်မှတ်ရေးထိုးရန်အတွက် ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့ သို့ ရောက်ရှိနေသည့် အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Abdelmadjid Tebboune က လွန်ခဲ့သည့် ၂၀၀၁ ခုနှစ်တွင် နှစ်နိုင်ငံကြား ချုပ်ဆိုခဲ့သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်များကို ထပ်မံ သဘောတူညီမှုများပြုလုပ်နိုင်ရန် အတွက် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံ ဆွေးနွေးမှု များပြုလုပ်သွားကြမှာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထား ကြပါတယ်။