ရာသီသစ်မှာ ပိုင်ရှင်သစ်နဲ့ ထွက်လာမယ့် မန်ယူ


ဇွန် ၁၃
ကာတာက လာတဲ့သတင်းတွေအရ မန်ယူအသင်းကို ၀ယ်ယူဖို့ ရှိတ်ဂျက်ဆင်က ဆာဂျင်ကို အနိုင်ရခဲ့ပြီး မကြာမီ ကလပ်အသင်း ပိုင်ရှင်သစ် ဖြစ်လာတော့မယ့်လို့ ဖော်ပြလိုက်ပါတယ်။
ဗြိတိန်မီဒီယာတွေအများစုမှာလည်း စတင်ဖော်ပြလာပြီဖြစ်ပြီး ဆာဂျင်ကို အနိုင်ရခဲ့တာဖြစ်ကြောင်းနဲ့ ဂလေဇာလိုချင်တဲ့ တန်ကြေးကို ပေးချေဖို့ သဘောတူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကာတာ အခြေစိုက် Triumphant Report က ဖော်ပြထားတာဖြစ်ပြီး ကာတာနိုင်ငံရဲ့အကြီးအကဲတွေကလည်း ရှိတ်ဂျက်ဆင်ကို ဂုဏ်ပြုကြတယ်လို့ ဖော်ပြနေပါတယ်။
မန်ယူအသင်းကို ပေါင် ၆ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာပဲ မန်ယူဘက်က ရှိတ်ဂျက်ဆင်ကို အသင်းရဲ့ ပိုင်ရှင်သစ် အဖြစ် တရားဝင် ကြေညာဖို့ စီစဉ်နေကြောင်း သိရပါတယ်။