ဟားခါး-ထန်တလန်ကြား လုံခါရ်တောင်တိုက်ပွဲတွင် ချင်းအကြမ်းဖက်သောင်းကျန်းသူ CNA ၂ ဦးကျဆုံး

ဇွန် ၁၂

      ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား လုံခါရ်တောင်တိုက်ပွဲတွင် ချင်းအကြမ်းဖက်သောင်း ကျန်းသူ CNA ၂ ဦး ယနေ့ နံနက်ပိုင်းက ကျဆုံးခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုက ကြေညာထားပါတယ်။

    ယနေ့ နံနက် ၄ နာရီခွဲဝန်းကျင်ကစပြီး လုံခါရ်တောင်တွင် တပ်မတော်စစ်ကြောင်းနှင့် ချင်းအကြမ်းဖက် CNA အကြား တိုက်ပွဲဖြစ်ပွါးခဲ့ရာ ထိုတိုက်ပွဲအတွင်း တပ်မတော်စစ်ကြောင်းဘက်မှ လက်နက်ကြီးများဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ရာမှ CNA အကြမ်းဖက်၂ ဦးဖြစ်သည့် ဆလိုင် ဆန်းဦး(ဟုန်လေး)နှင့် ဆလိုင်း ထောင်နောဟွေး (ဆုန်ပီး)တို့ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု The Zotung Post ကဖော်ပြသည်။

      “CNA မှာ တာဝန်ထမ်းဆောင်နေကြသော ZOTUNG လူငယ် နှစ်ဦးသည် ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလ န်ကြား Timit တိုက်ပွဲ၌ ဇွန်လ ၁၂ ရက် နံနက်ပိုင်းအချိန်တွင် ကျဆုံး သည်’’ ဟု The Zotung Post ကဖော်ပြသည်။

     လွန်ခဲ့သည့် မေလ ၂၆ ရက်နေ့ မှစပြီး ဟားခါး- ထန်တလန်ကြား သီမြစ်လွင်ပြင်အနီးတစ်ဝိုက်နှင့် လုံခါရ် တောင်ဖက်တွင် တပ်မတော်မှ အင်အား ၁၅၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ နေ့စဉ်ရက်ဆက်  တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ဟားခါးမြို့ပေါ်ရှိ တပ်မတော်တပ်ရင်း/တပ်ဖွဲ့များကလည်း လက်နက်ကြီးများ ဖြင့် နေ့စဉ်ရက်ဆက် ပစ်ကူပေးခဲ့သည်ဟု သိရသည်။

    ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်တိုက်ပွဲတွင် ချင်းအကြမ်းဖက်သောင်း ကျန်းသူ CNA ဖက်က  ၇၁ ဦးကျဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

#PAN