မြိတ်မြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ကျွဲကူးကျေးရွာ၊ရန်ကင်းတောင်ပေါ်ရှိ ဇိနမာန်အောင် ရပ်တော်မူဘုရား မြေထိန်းနံရံ ပြိုကျ

ဇွန် ၁၂

ယနေ နံနက် ၁၀ နာရီအချိန်ခန့်က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊စန္ဒဝတ်ကျေးရွာအုပ်စု ၊ ကျွဲကူးကျေးရွာ၊ရန်ကင်းတောင်ပေါ်ရှိ ဇိနမာန်အောင် ရပ်တော်မူဘုရားရင်ပြင်တွင် ကာရံထားသည့် မြေထိန်းနံရံ အချို့ပြိုကျပျက်စီးခဲ့ကြောင်းသိရှိရသည်။

      အဆိုပါ ဘုရားစေတီသည် မြိတ် – ထားဝယ် ပြည်ထောင်စုသွားကားလမ်း ကျွဲကူးကျေးရွာ၊ ကျွဲကူးတံတားအနီးရှိ ရန်ကင်းတောင်ပေါ်၌ တည်ရှိပြီးယခုပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့် မြေထိန်းနံရံ အုတ်တံတိုင်း ခြံစည်းရိုးမှာ အရှည်ပေ ၈၀ ခန့်၊ အနံ ၁၂ ပေခန့် ရှိကြောင်း သတင်းရရှိသည်။

#PAN